ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါဒေသရှိ လှိုဏ်ဂူများအတွင်း ခိုလှုံနေကြသည့် ဒေသခံစစ်ရှောင် အိမ်ထောင်စု (၄၉)စုအတွက် စက်တင်ဘာ (၂၄)ရက်က ဒုတိယအကြိမ် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသီပေါ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးထံက သိရသည်။
“ဒုတိယအကြိမ်မြောက် လှိုဏ်ဂူတွေအတွင်းက ညီအကိုမောင်နှမတွေကို ဆန်နဲ့ စာနပ်ရိက္ခာအချို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ လိုအပ်ချက်တွေကတော့အများကြီးပေါ့ မိုးရွာနေတဲ့အခါကျတော့ သတိထားပြီတော့ နေနေရတာပေါ့”ဟု အမည်မဖော်လိုသူ စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ဒေသခံစစ်ရှောင်များသည်သီပေါဒေသအတွင်း တိုက်ပွဲများမကြာ ခဏဖြစ်ပွားနေခြင်းကြောင့် အခြားဒေသများသို့ မတိမ်းရှောင်လိုသည့်အတွက်မိသားစုအလိုက် လှိုဏ်ဂူများအတွင်း သွားရောက်ခိုလှုံနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
လှိုဏ်ဂူများအတွင်းခိုလှုံနေသည့် စစ်ရှောင်ပြည်သူများကို ယခုလ စက်တင်ဘာလ (၂)ရက်၌ ပထမအကြိမ် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြသေးသည်။
ဓာတ်ပုံ-နယ်စည်းမခြား ပရဟိတ (သီပေါ)







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
