ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် ရေကြီး၊ တောင်ပြိုကာ မြေပြိုခဲ့သောကြောင့် သွားလာရခက်နေပြီး ရိက္ခာအကူအညီနှင့် သောက်သုံးရေ လိုအပ်နေကြောင်း ကူညီကယ် ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။
“သုံးရေ သောက်ရေက အဓိက ပိုလိုအပ်နေတယ်၊ ရေသန့်လာလှူတာတွေတော့ရှိတယ်၊ မြို့အတိုင်းအတာနဲ့ဆို မလောက်ဘူး၊ တွင်းက ထွက်တဲ့ရေကိုက ညစ်သွားတာ” ဟု ကူညီကယ်ဆယ်ရေးတွင် ဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။
ကလောမြို့တွင် စက်တင်ဘာလ (၁၁)ရက်က စတင်ကာ ရွာသွန်းခဲ့သည့် မိုးကြောင့် ရေကြီးရေလျှံ၊ တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် လက်ရှိတွင် မိုးရွာသွန်းမှုများ ရှိနေဆဲဖြစ် ကြောင်း သိရသည်။
ထိုကဲ့သို့ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့မှုကြောင့် ကလောမြို့နှင့် အနီးဝန်းကျင်တွင် ယနေ့အထိ နေအိမ်များ ရေနစ်မြုပ်နေဆဲဖြစ်ကာ သွားလာရမလွယ်ကူသော နေရာများတွင်လည်း အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း အထက်ပါ ကူညီရေးလုပ်ဆောင်နေသူကပင် ပြောသည်။
“တောင်ကိုးလုံး နားက ရွာတွေဆို လမ်းတွေ ပိတ်နေလို့ သူတို့ဆီ အကူညီ ရိက္ခာတွေ ခက်ခက်ခဲခဲ သယ်နေရတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ယင်းရွာများနှင့် အနီးရှိရွာများသည်တောင်ကျရေကို သောက်နေရပြီး သီးနှံခင်းများ ပျက်စီးသွားသောကြောင့် ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူရမည်ဟုလည်း ဒေသခံများကပြောသည်။
ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်မှု များပြားခဲ့သည့် ကလောတွင် ရေကြီးရေလျှံပြီး မြေပြိုခြင်းများကြောင့် ေ-သဆုံးသူ (၁၀၀)နီးပါးရှိပြီး လူ (၆၀) ထပ်မနည်း ပျောက် ဆုံးခဲ့ကာ အိမ်ခြေ (၁၀၀၀)ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ခန့်မှန်းထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
