
စက်တင်ဘာ ၄ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ဘတ်သန်း ၈၀ ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉ သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့သည်။
သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် (၉၉၄၇၃၉၅၈) ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊ သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊ သြဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်းထုတ် ရောင်းခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် တစ်ပတ် စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်းချပေးခဲ့ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန်ထားသည်။
သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်