ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် မူဒရစ်ကို ချယ်လ်ဆီးနည်းပြ မာရက်စကာ စိန်ခေါ်
24htopnews | September 26, 2024 5:12 PM CST
ချယ်လ်ဆီးနည်းပြ မာရက်စကာက ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အသင်းတိုက်စစ်ကစားသမား မူဒရစ်အား စိန်ခေါ်ခဲ့ကြောင်းသိရသည်။
မူဒရစ်(၂၃ နှစ်) သည် ၂၀၂၃ ဇန်နဝါရီတွင် ရှက်တာဒိုးနက်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၈၉)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန်ရုန်းကန်နေရပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် (၆၁)မိနစ်သာ ကစားခွင့်ရထားသည်။
ယခုအခါ မာရက်စကာက "မူဒရစ် ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ မူဒရစ်က မူဒရစ်ဖြစ်ပြီး ဒါကို လက်ခံရပါမယ်။ သူ့အနေနဲ့ ပွဲကစားချင်တယ်ဆိုရင်တော့ အခုထက်ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
