မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရိုဒရီသည် မိမိတို့အသင်းအတွက် အစားထိုးမရသည့် ကစားသမားဖြစ်သော်လည်း ၎င်းဒဏ်ရာရခြင်းကို ချန်ပီယံလုပွဲတွင် ဆင်ခြေအဖြစ်အသုံးပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
စပိန်ကွင်းလယ်ကစားသမား ရိုဒရီ(၂၈ နှစ်)သည် ပြီးခဲ့သည့်နှစ်များအတွင်း မန်စီးတီးအသင်းတွင် အဓိက ခြေစွမ်းပြနေသူဖြစ်သည်။ ၎င်းသည် စက်တင်ဘာ (၂၂)ရက်က ကစားခဲ့သည့် အာဆင်နယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်ထိ အနားယူရ ဖွယ်ရှိကြောင်း သိရသည်။
မန်စီးတီး နည်းပြ ဂွါဒီယိုလာက ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်ပြီး ၎င်းကိုကာလရှည်ဆုံးရှုံးရမည်မှာ ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ရိုဒရီက အစားထိုးလို့မရတဲ့ ကစားသမားပါ။ အသင်းက အကောင်းဆုံးကစားသမားမပါဘဲ အကြာကြီးကစားရတော့မှာပါ။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါတွေက ဖြစ်တတ်ပြီး အဖြေရှာဖို့က ကျွန်တော့် တာဝန်ပါ။ ရိုဒရီမ ကစားနိုင်တာ ပြဿနာပါ။ ဒါပေမဲ့ အဲဒါကို ဆင်ခြေပေးနေမှာ မဟုတ်ပါဘူး။ ရိုဒရီမပါဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်။ ဒါက စိန်ခေါ်မှုပါ။ လာမယ့် အပတ်မှာ နယူးကာဆယ်ကို အနိုင်ကစားမယ်။ ကျွန်တော် လုပ်နေကျအတိုင်း ဆက်လုပ်မှာပါ" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
