မန်စီးတီးကွင်းလယ်ကစားသမား မားသီးယပ်စ်နူးနက်စ်က ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် အသင်းဖော် ရိုဒရီ၏နေရာကို မိမိအစားဖြည့်ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်း၏ အဓိကကွင်းလယ်ကစားသမား ရိုဒရီသည် စက်တင်ဘာ (၂၂) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၂-၂) အာဆင်နယ်ပွဲစဉ်တွင် အာဆင်နယ်ကွင်းလယ်ကစားသမား ပါတေးနှင့်ထိခိုက်မိပြီး ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ရိုဒရီသည် အဆိုပါဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေပြီး ယင်းမှာ မန်စီးတီးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း အသင်းနည်း ပြ ဂွါဒီယိုလာက ဝန်ခံထားသည်။
ထို့ပြင် ဂွါဒီယိုလာက ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်ကြောင်းလည်း ပြောကြားထားသည်။
သို့သော် မန်စီးတီးကွင်းလယ်ကစားသမား မားသီးယပ်စ်နူးနက်စ်က ၎င်းအနေဖြင့် ရိုဒရီ၏ကွက်လပ်ကို ဖြည့်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မားသီးယပ်စ်နူးနက်စ်က ''ဝုလ်ဗ်မှာ တောင်ပံနဲ့ နံပါတ် (၁၀)နေရာမှာ ကျွန်တော်ကစားခဲ့ပေမဲ့ စပို့တင်းလစ္စဘွန်းမှာ ကွင်းလယ်အဖျက်နေရာမှာ ကစားခဲ့တာပါ။ ကျွန်တော် ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ခြေစွမ်းပြနေတဲ့ ကစားသမားကို ဆုံးရှုံးရတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီနေရာကိုဖြည့်ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ဒဏ်ရာရတုန်းကလည်း ကျွန်တော်တို့ နိုင်ပွဲဆက်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
