ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေသည် အလာဗတ်စ်နှင့်ပွဲတွင် ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်ကစားမည့် မက်ဒရစ်ဒါဘီပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး (၃) ပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။
ပြင်သစ်အသင်းခေါင်းဆောင် ဘာပေသည် စက်တင်ဘာ (၂၅) ရက် (အင်္ဂါနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၃-၂) အလာဗတ်စ်ပွဲတွင် ရီးယဲလ်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။
သို့သော် ဘာပေသည် အဆိုပါပွဲစဉ်တွင် ဘယ်ခြေထောက် မသက်မသာဖြစ်သည်ဟုဆိုကာ လူစားလဲရန်တောင်းဆိုခဲ့သဖြင့် ပွဲချိန် မိနစ် (၈၀) တွင် အာဒါဂူလာနှင့် လူစားလဲခဲ့သည်။
ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပွဲအပြီးတွင် ဘာပေအနေဖြင့် အသေးစားဒဏ်ရာရခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း ကလပ်အသင်းဆရာဝန်များ၏စစ်ဆေးမှုအရ ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပြင်းထန်ကြောင်း သိရှိရသည်။
ရီးယဲလ်အသင်း၏ထုတ်ပြန်ချက်တွင် ''ယနေ့တွင် ကစားသမား ဘာပေကို ရီးယဲလ်မက်ဒရစ်ဆေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဘာပေအနေဖြင့် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရနေကြောင်း'' ဖော်ပြပါရှိသည်။
ရီးယဲလ်အသင်း၏ထုတ်ပြန်ချက်တွင် ဘာပေအနေဖြင့် ပေါင်ဒဏ်ရာကြောင့် မည်မျှအနားယူရမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း The Athletic သတင်းဌာနက ဘာပေအနေဖြင့် အနည်းဆုံး (၃) ပတ် အနားယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် ဘာပေအနေဖြင့် စက်တင်ဘာ (၂၉) ရက်(တနင်္ဂနွေနေ့)တွင် ကစားမည့် မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် လာလီဂါအဝေးကွင်းပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်သည်။
ထို့ပြင် ဘာပေအနေဖြင့် အောက်တိုဘာ (၂) ရက်တွင် ကစားမည့် လိုင်လီအသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်၊ စက်တင်ဘာ (၆) ရက်တွင် ကစားမည့် ဗီလာရီးယဲလ်အသင်းနှင့် လာလီဂါအိမ်ကွင်းပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။
ဘာပေသည် အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်တွင်လည်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားဖွယ်မရှိဘဲ ဒဏ်ရာပြန်လည်သက်သာရန် ကြိုးပမ်းဖွယ်ရှိပြီး အောက်တိုဘာ (၂၀) ရက်တွင်ကစားမည့် ဆယ်လ်တာဗီဂိုနှင့်လာလီဂါပွဲတွင် ပါဝင်ကစားရန်ပစ်မှတ်ထားနေကြောင်း သိရသည်။
ဘာပေ (၂၅ နှစ်)သည် ပြီးခဲ့သည့်နွေက PSG မှ ရီးယဲလ်သို့ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဘာပေသည် ရီးယဲလ်အတွက် ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက် ဂိုးသွင်းထားရာ ၎င်း ဒဏ်ရာရရှိခြင်းမှာ ရီးယဲလ်အတွက် ထိုးနှက်ချက်ဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
