အက်စ်ပန်ညို နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ဗီလာရီးယဲလ်ကစားပုံ ဒီရာသီမှာတိုးတက်လာပြီး တိုက်စစ်အစွမ်းပါပြနေနိုင်တယ်ဆိုပေမဲ့ ခံစစ်ကတော့ အားနည်းနေသေးတယ်။ ကစားပြီးသမျှပွဲတိုင်းလည်း ဂိုးပေးထားရတယ်။ ဒါကြောင့် အိမ်ကွင်းမှာ ဂိုးတွေပိုရအောင်ကစားနိုင်နေတဲ့ အက်စ်ပန်ညိုကိုလည်း ဂိုးတွေပေးရဖို့များနေတယ်။ ဒီပွဲက နှစ်သင်းအပြန်အလှန်သွင်းဂိုးတွေကို မြင်ရဖို့များနေပြီး ဂိုးများမယ့်ပွဲတစ်ပွဲလည်း ဖြစ်လာမယ်ထင်ပါတယ်။ ဗီလာရီးယဲလ်တို့ အမှတ်ရဖို့ ကြိုးစားလာနိုင်ပေမဲ့ ယုံကြည်မှုပိုရှိနေတဲ့ အိမ်ရှင်အက်စ်ပန်ညိုကိုပဲ ရွေးထားကြည့်ချင်တယ်။
လက်စ်ပါမားစ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ဘက်တစ်ကစားပုံက အရှိန်ပြန်ရနေပါပြီ။ ဒါပေမဲ့ အဝေးကွင်းမှာတော့ အရင်လို ကစားပုံမာမာကျောကျောမရှိသေးတဲ့အပြင် တိုက်စစ်ကလည်း အနည်းငယ်လျော့နေသလို တွေ့နေရတယ်။ လက်စ်ပါမားစ်ကလည်း အိမ်ကွင်းကစားပုံ သိပ်မဆိုးလှပါဘူး။ ဂိုးအနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
ဆယ်လ်တာဗီဂို နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဒီရာသီအစမှာ ပုံစံကောင်းပြနေတဲ့ အက်သလက်တီကိုခံစစ်ကို စမ်းသပ်မယ့်ပွဲပါပဲ။ ဆယ်လ်တာဗီဂိုက ဒီရာသီမှာ မထင်မှတ်လောက်အောင် တိုက်စစ်စွမ်းပြနေတယ်။ ဂိုးတွေလည်း သွင်းပြနေနိုင်တယ်။ အိမ်ကွင်းဆိုလည်း တိုက်စစ်အား ပိုကောင်းနေလို့ အက်သလက်တီကိုခံစစ်ကို ဖိအားပေးနိုင်မှာလည်း သေချာတယ်။ အက်သလက်တီကိုလည်း တစ်ပွဲပြီးတစ်ပွဲ ဟန်ချက်ပိုညီလာနေတာ တွေ့ရတယ်။ တိုက်စစ်ကလည်း ဂိုးတွေရလာလို့ ခံစစ်မငြိမ်တဲ့ ဆယ်လ်တာဗီဂိုဘက်ကို ဂိုးရအောင် ကစားနိုင်မှာပါ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ရွေးမယ်။
------------------------------------------------------------------------------
နာပိုလီ နှင့် ပါလာမို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
နည်းပြ ကွန်တီရဲ့နာပိုလီအသင်းက ရာသီအဖွင့်ပွဲမှာ အရေးနိမ့်ပြီးကတည်းက ရလဒ်တွေ တောက်လျှောက်ကောင်းနေတယ်။ ဥရောပပြိုင်ပွဲမရှိလို့ ကိုပါအီတာလီယာချန်ပီယံဆုကလည်း နာပိုလီအသင်းအတွက် အိပ်မက်မက်ချင်စရာပါပဲ။ စီးရီးဘီမှာ အလယ်အလတ်နားပဲရှိတဲ့ ပါလာမိုကို နာပိုလီ ဂိုးပြတ်သွင်းလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
