Top News

အနိုင်ပိုင်းခဲ့တာလား၊ အရှုံးပေးခဲ့တာလား
24htopnews | September 26, 2024 6:12 PM CST

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၅)ရက်နေ့မှာပဲ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းဟာ ကစားသမားဘဝက အနားယူကြောင်း အံ့အားသင့်ဖွယ်ကြေညာခဲ့တယ်။ ဖာဘရီဂတ်စ်နည်းပြနေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းမှာကစားနေစဉ် ဗာရန်းစ်ဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ကာလရှည်ဒုက္ခပေးခဲ့တဲ့ ဒူးဒဏ်ရာကို ပြန်လည်ခံစားခဲ့ရပြီး တစ်လကျော်အကြာမှာပဲ အနားယူခဲ့တာပါ။ ဘောလုံးရပ်ဝန်းမှာ ဒဏ်ရာကြောင့် ကစားသမားတွေ အနားယူတာက ထူးဆန်းတဲ့အကြောင်းအရာမဟုတ်ပေမဲ့ ဗာရန်းလို အသက် (၃၁) နှစ်အရွယ် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နောက်ခံလူတစ်ဦး အနားယူသွားခဲ့ခြင်းကတော့ ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရတယ်။


READ NEXT
Cancel OK