ဆိုးလ်၊စက်တင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံ၌ မြို့တော်တောင်ပိုင်းရှိ ဂန်နမ်းခရိုင်တွင် ညအချိန်များ၌ သတ်မှတ်ဧရိယာများအတွက် မောင်းသူမဲ့တက္ကစီစနစ်ကိုစတင်စမ်းသပ်တော့မည်ဖြစ်ကြောင်း ဆိုးလ်မြို့တော်အစိုးရက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
ယခုကဲ့သို့ မောင်းသူမဲ့တက္ကစီစနစ်စမ်းသပ်မှုသည် တောင်ကိုရီးယား၌ ပထမဆုံးအကြိမ်ပြုလုပ်ခြင်းလည်းဖြစ်ပြီး စမ်းသပ်ကာလဖြစ်သည့်အတွက် ယခုနှစ်ကုန်အထိ အခမဲ့စီးနင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမောင်းသူမဲ့တက္ကစီများကို ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း တနင်္လာမှသောကြာ တစ်ပတ်ငါးရက်ပြေးဆွဲပေးသွားမည်ဖြစ်ကာ လတ်တလောတွင် ယာဉ်သုံးစီးဖြင့်သာ စမ်းသပ်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။
မောင်းသူမဲ့ဟုဆိုသော်လည်း ယခုမှစတင်ပြေးဆွဲခြင်းဖြစ်သဖြင့် ဘေးကင်းစေရန်အတွက် အရေးပေါ်အခြေအနေတွင် ထိန်းချုပ်နိုင်ရန် ယာဉ်မောင်းတစ်ဦးပါဝင်မည်ဖြစ်သော်လည်း အဆိုပါယာဉ်မောင်းကမောင်းနှင်မည်မဟုတ်ဘဲ လူနေရပ်ကွက်များ၊လမ်းကြားများနှင့် ကျောင်းရှိရာနေရာများတွင်သာ ထိန်းချုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမောင်းသူမဲ့ယာဉ်အား တစ်ကြိမ်လျှင် ခရီးသည်သုံးဦးအထိစီးနင်းနိုင်ပြီး KakaoT ဟုခေါ်သော အက်ပလီကေးရှင်းမှတစ်ဆင့် ယာဉ်ကိုခေါ်ယူစီးနင်းနိုင်မည်ဖြစ်ကာ နောင်နှစ်ဆန်းကျမှ အခကြေးငွေပေးရမည်ဖြစ်ပြီး ယခုနှစ်၏လက်ကျန်လများတွင် အခမဲ့စီးနင်းနိုင်သည်ဟုလည်းဆိုသည်။
Source : သည်ကိုရီးယားတိုင်းမ်စ်

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
