ပွဲစဉ်များ အလွန်များခြင်းမှာ မကောင်းဟု တန်ဟက်ဂ် ဖွင့်ဟ
24htopnews | September 26, 2024 7:12 PM CST
မန်ယူနည်းပြ တန်ဟက်ဂ်က ပွဲစဉ်များ အလွန်များပြားခြင်းမှာ ဘောလုံးလောကအတွက် မကောင်းကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ယခုရာသီတွင် UEFA က ၎င်းတို့ ကြီးမှူးကျင်းပသည့် ဥရောပပြိုင်ပွဲများတွင် အသင်းများတိုးမြှင့်ပြီး ပုံစံပြောင်းလဲကျင်းပနေခြင်းကြောင့် ပွဲစဉ်များ ပိုမိုများပြားလာခဲ့သည်။
ပွဲစဉ်များပိုမိုများပြားလာခြင်းကို ကစားသမားများကလည်း ဝေဖန်နေကြပြီး ယခုအခါ တန်ဟက်ဂ်ကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
တန်ဟက်ဂ်က ''ပွဲစဉ်တွေများတာ၊ ပြိုင်ပွဲတွေများတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ အများကြီးပြောခဲ့ပြီးပါပြီ။ ကစားသမားတွေအနေနဲ့ မနိုင်ဝန်ကို ထမ်းနေရပြီး ဒါက ဘောလုံးအတွက် မကောင်းပါဘူး။ ပွဲများတာက စီးပွားရေးအတွက်ပဲ ကောင်းတာပါ''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
