၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆန်စီရိုကွင်းတွင် ကျင်းပတော့မည်မဟုတ်
24htopnews | September 26, 2024 7:12 PM CST
၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလစီစဉ်ထားသည့် ဆန်စီရိုကွင်းတွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုကြေညာခဲ့သည်။
မီလန်အာဏာပိုင်များသည် ဆန်စီရိုကွင်းအား ပြန်လည်တည်ဆောက်မည့်အစီအစဉ်သည် ယင်းဗိုလ်လုပွဲအား အဟန့်အတားမဖြစ်စေရန် အာမခံချက်မပေးနိုင်သောကြောင့် UEFA က ပြိုင်ပွဲကျင်းပခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်ခဲ့သော UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
UEFA သည် အစားထိုးကျင်းပမည့်ကွင်းအတွက် လျှောက်ထားမှုကို လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၅ မေလ သို့မဟုတ် ဇွန်လတွင် အိမ်ရှင်ကွင်းသစ်ကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အေစီမီလန်နှင့် အင်တာမီလန်အသင်းသည် ဆန်စီရို ဧရိယာတစ်ဝိုက်တွင် ကွင်းသစ်ဆောက်ရန် စဉ်းစားလျက်ရှိသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
