စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ယခုရာသီတွင် ဘောလုံးပွဲစဉ်များ ပိုမိုများပြားလာခြင်းနှင့်ပတ်သက်၍ စိတ်ပူကြောင်း ဝန်ခံခဲ့ပြီး မိမိတို့ဘောလုံးသမားများမှာ စက်ရုပ်များမဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၎င်းတို့ကြီးမှူးကျင်းပသည့် ဥရောပပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းများ တိုးမြှင့်ခဲ့ရာ ပွဲစဉ်များ တိုးလာခဲ့သည်။
ယင်းအတွက် ဘောလုံးသမားများက ဝေဖန်မှုများ ပြုလုပ်နေကြပြီး ယခုအခါ ဆွန်ဟောင်မင်ကလည်း များပြားလှသည့် ဘောလုံးပွဲစဉ်များကြောင့် ကစားသမားများ မနိုင်ဝန်ထမ်းနေရသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆွန်ဟောင်မင်က ''ကစားသမားတော်တော်များများ အမှန်တွေပြောနေကြပါတယ်။ ပွဲတွေများလာတာနဲ့ ပတ်သက်ပြီး အဓိကဖြစ်တဲ့ ကစားသမားတွေ ပြောဖို့လိုပါတယ်။ ဟုတ်ပါတယ်။ အခုက ပွဲတွေအရမ်းများလာပါတယ်။ ဘောလုံးပရိသတ်တွေက ပွဲတွေများတာထက် အရည်အသွေးရှိတဲ့ ပွဲတွေကိုပဲ ကြည့်ချင်ကြတာပါ။ ပွဲတွေများတာက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ကျွန်တော်တို့က စက်ရုပ်တွေ မဟုတ်ပါဘူး။ ပွဲတွေလျှော့စေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
