ရုရှားကို ငြိမ်းချမ်းရေးအတွက် မရမက လုပ်စေခြင်းသည် ဆိုးရွားသောအမှား ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောကြားလိုက်ပြီး ကုလသမဂ္ဂ ၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောဆိုခဲ့သော စကားများကို ပယ်ချခဲ့သည်။
ရုရှားကိုသာ ငြိမ်းချမ်းကျေအေးစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ပဋိပက္ခ ပြီးဆုံးစေရေးအတွက် ရုရှား သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးမည်မဟုတ်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
"အဲဒီလို သဘောထားဟာ ဆိုးရွားတဲ့အမှားဖြစ်ပါတယ်။ အမှားကြီးဖြစ်ပါတယ်"ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သတင်းထောက်များကို ပြောကြားခဲ့သည်။
"အဲဒါဟာ ကိဗ်အစိုးရအဖွဲ့အတွက် အကျိူးဆက်တွေ မလွဲမသွေရှိလာစေမယ့် ကြီးမားတဲ့ နားလည်မှု လွဲမှားမှုဖြစ်ပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
"ရုရှားဟာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုပေမယ့် ရုရှားနိုင်ငံရဲ့တည်ငြိမ်ရေးကို သေချာစေပြီး အထူးစစ်ဆင်ရေးရဲ့ဦးတည်ချက်တွေကို ပြည့်ဝစေမယ့် အခြေအနေတွေရှိမှသာ ငြိမ်းချမ်းရေးကို လိုလားဝာာဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက်ရုရှား၏တရားဝင်အသုံးအနှုန်းဖြစ်သောယူကရိန်းစစ်ဆင်ရေးကို အသုံးပြုခဲ့သည်။
"အဲဒီရည်မှန်းချက်တွေ ထမြောက်အောင်မြင်ခြင်းမရှိဘဲ ရုရှားကို အတင်းအကျပ်လုပ်စေဖို့ မဖြစ်နိုင်ပါဘူး"ဟု ပက်စကော့က ဖြည့်စွက်ပြောခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
