ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်း သည် နိုင်ငံအတွင်း လိင်တူလက်ထပ်ခွင့်ပြုသည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်ပြန်တမ်းတွင် ဖော်ပြခဲ့ပြီး ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ဇွန်လအတွင်း လွှတ်တော်က အတည်ပြုခဲ့သည့် ထိုဥပဒေမူကြမ်းကို ထိုင်းဘုရင်က ဥပဒေသစ်အဖြစ် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသည် ရက်ပေါင်း ၁၂၀ အတွင်း အကျုံးဝင်သက်ရောက်မည်ဖြစ်သဖြင့် ထိုင်းတွင် ပထမဆုံးလိင်တူလက်ထပ်ပွဲများသည် လာမည့်နှစ် ဇန်နဝါရီလထဲတွင် ပြုလုပ်ဖွယ်ရှိနေသည်။
ထိုင်းနိုင်ငံသည် အာရှတွင် ထိုင်ဝမ်နှင့် နီပေါနိုင်ငံပြီးလျှင် လိင်တူလက်ထပ်ခွင့်ပြုသည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။
၂၀၀၁ ခုနှစ်က နယ်သာလန်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လိင်တူလက်ထပ်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်း လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့သည့်နိုင်ငံပေါင်း ၃၀ ကျော်ရှိသည်။
ပြီးခဲ့သည့်နှစ်က အိန္ဒိယတရားရုံးချုပ်သည် လိင်တူလက်ထပ်ခွင့်ကို တားမြစ်ခဲ့ပြီး ဟောင်ကောင်တရားရုံးကလည်း လိင်တူလက်ထပ်ခွင့်ကို အတည်ပြုခဲ့ခြင်းမရှိပေ။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
