mpox ရောဂါကူးစက်ပျံ့နှံ့မှု၏ ဗဟိုချက်ဖြစ်သည့် ဒီအာကွန်ဂိုနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စတင်ရန်သီ တင်းတစ်ပတ်ပင်မလိုတော့သည့်အချိန်တွင် နိုင်ငံအတွင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းများ ညံ့ဖျင်းမှုကြောင့် ကာကွယ်ဆေးများဖြန့်ချိမှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ဒီအာကွန်ဂို၏ တောင်ကီဗူးပြည်နယ် ကာမီတူဂါမြို့သည် အောက်တိုဘာ ၂ ရက်မှစပြီး ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ်၏ ပထမအသုတ်ထဲတွင်ပါဝင်သောလည်း ထိုမြို့သို့ သွားသည့် လမ်းကြောင်းတစ်ခုတည်းသာရှိနေသဖြင့် အာဏာပိုင်များသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာစိန်ခေါ်မှုများ နှင့်ရင်ဆိုင်နေရသည်။
ထိုမြို့တွင် နောက်တွဲများတပ်ဆင်ထားသည့် အငှားယာဉ်များသည် လေထန်ပြီး ချိုင့်ခွက်များပေါသည့် တောင်ကြားလမ်းပေါ်တွင် နှေးကွေးစွာမောင်းနှင်နေရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် mpox ရောဂါဗဟိုချက်ဖြစ်သည့် ထိုမြို့သည် ပြည်နယ်ဆိုင်ရာ မြို့တော်ဘူကာဗူနှင့် ကီလိုမီတာ ၁၈၀ အကွာတွင် တည်ရှိသည်။
ဒီအာကွန်ဂိုသည် mpox ကူးစက်မှု၏ ဗဟိုချက်ဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ၂၄,၀၃၅ ဦးရှိကာသေဆုံးသူ ၇၈၉ ဦးရှိသည်ဟု စက်တင်ဘာ ၁၉ ရက်က တရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒိန်းမတ်ဆေးကုမ္ပဏီ Bavarian Nordic က ထုတ်လုပ်ထားသည့် mpox ကာကွယ်ဆေးများကို ဥရောပသမဂ္ဂ နှင့်အမေရိကန်တို့က ဒီအာကွန်ဂိုထံ ကာကွယ်ဆေးအလုံးရေ ၂၆၅,၀၀၀ ကို လှူဒါန်းပေးခဲ့သည်။
သို့သော် Bavarian Nordic က ယင်းကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူများ အတွက်သာ ရည်ရွယ်ထားသည်။
ဒီအာကွန်ဂိုနိုင်ငံခြားရေးရာဝန်ကြီးဌာနက ကလေးများကိုပါ ထိုးနှံပေးနိုင်သည့် ကာကွယ်ဆေးအလုံးရေ ငါးသန်းပေးပို့ပေးရန် စက်တင်ဘာ ၁၈ ရက်တွင် ဂျပန်နိုင်ငံ၌ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကမူ အာဖရိကတိုက်တွင် mpox ရောဂါကြောင့် သေဆုံးခဲ့သည်ဟုယူဆရသူ ၈၀၀ ကျော်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အာဖရိကတိုက်တွင် mpox သံသယလူနာပေါင်း ၂၉၃၄၂ ဦးရှိပြီး အများစုသည် ဒီအာကွန်ဂိုနိုင်ငံမှဖြစ်ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။
ထို့ပြင်ဒီအာကွန်ဂို၏ အိမ်နီးချင်းဘူ ရန်ဒီနိုင်ငံတွင်လည်း mpox ရောဂါကူးစက်မှုကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရသည်။
ဘူရွန်ဒီနိုင်ငံရှိ ကလေးများအကြား mpox ကူးစက်ပျံ့နှံ့လျက်ရှိပြီး ယင်းသေဆုံးစေနိုင်သည့် ကူးစက်ရောဂါသည် လူငယ်လူဦးရေအကြား ကူးစက်မှုနှုန်းစိုးရိမ်ဖွယ်မြင့်တက်နေသည်ဟု ကုလသမဂ္ဂ၏ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့(UNICEF)က စက်တင်ဘာ ၂၀ ရက်တွင် သတိပေးပြော ကြားခဲ့သည်။
“ကူးစက်ခံရသူ ၆၀၀ နီးပါးရဲ့ သုံးပုံနှစ်ပုံဟာ အသက် ၁၉ နှစ်အောက်ကလေးတွေ ဖြစ်ပါတယ်။ပြီးခဲ့တဲ့သုံးပတ်ကျော်လောက်က အခြေအနေတွေဟာ အလျင်အမြန်မြင့်တက်လာခဲ့ပြီး ကူးစက်မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်”ဟုအာဖရိကအရှေ့ ပိုင်းနှင့်တောင်ပိုင်းဆိုင်ရာ(UNICEF)၏ဒေ သဆိုင်ရာကျန်းမာရေးအကြံပေးဒေါက်တာ ပေါလ်အန်ဝါကူမ်က ဂျနီဗာရှိ သတင်းထောက်များကို ဗီဒီယိုဖုန်းခေါ်ဆို၍သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Ref: AFP/AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
