ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာကို ခွဲစိတ်ပြီးပြန်ဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ မြိုင်လမ်း အမှတ် -၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက်သည် ဇူလိုင် (၃၀) ရက်၊ နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာ (Right Thumb Traumatic Amputation) ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နံနက် (၁၁) နာရီ မိနစ် (၅၀) တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည (၇) နာရီ (၃၅) မိနစ်တွင် စတင်ခဲ့ပြီး ည (၁၁) နာရီ (၃၅) မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ဆက်ထားသော ညာ ဘက်လက်မ၏ သွေးလည်ပတ်မှု အခြေအနေမှာကောင်းမွန်ပြီး စိတ်ချရသည့် အခြေအနေတွင်ရှိသည့်အတွက် အဆိုပါလူနာအား ဩဂုတ် (၁၂) ရက် (ခွဲစိတ်ပြီး (၁၃) ရက်မြောက်နေ့)တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာကို ပုံမှန်ပြင်ပလူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက် ကုသပေးလျက်ရှိရာ (ခွဲစိတ်ပြီး (၂၈) ရက် မြောက်နေ့)တွင်လည်း ဆက်ထားသောလက်မ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
