ရောမ၊စက်တင်ဘာ ၂၅
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီနှင့် ညစာစားပွဲတစ်ခုမှ စုံတွဲပုံတက်လာသည့်အပေါ် ကမ္ဘောကျော်သူဌေးကြီး အီလွန်မက်စ်က ပြန်လည်အရွှန်းဖောက်နောက်ပြောင်ခဲ့သည်။
အဆိုပါဓါတ်ပုံ၌ ၎င်းတို့နှစ်ဦးသည် ညစာစားပွဲတွင် ဘေးချင်းကပ်ထိုင်ကာ တစ်ဦးကိုတစ်ဦးချစ်ခင်စွာငေးကြည့်နေကြသည့်ပုံစံမျိုးဖြစ်နေသည့်အတွက် အားပေးသူ ပရိသတ်များကဝိုင်းဝန်းစနောက်ခဲ့ကြခြင်းလည်းဖြစ်သည်။
ယင်းဓါတ်ပုံနှင့်တွဲတင်လာသည့်စာသားများထဲ၌ “ဒီပုံပြီးရင် ဘာဆက်ဖြစ်မလဲသိနေပြီ” ဟုရေးထားသည့်စာများကို အီလွန်မက်စ်ကပြန်လည်နောက်ပြောင်တုန့်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
“အဲ့ဒီပွဲမှာ ကျွန်တော့်အမေနဲ့အတူရှိနေတာပါ၊ဝန်ကြီးချုပ်မယ်လိုနီနဲ့လည်း သာမန်ထက်ပိုတဲ့ဘယ်လိုရင်းနှီးမှုမျိုးမှမရှိပါဘူး၊အများထင်သလို နောက်ဆက်တွဲဘာမှဆက်ဖြစ်လာဖို့မရှိပါဘူး” ဟုလည်း ၎င်းကရယ်ရယ်မောမောတုန့်ပြန်ခဲ့သေးသည်။
မက်စ်က မယ်လိုနီသည် အဆင်းထက်အချင်းပိုလှသည့်အမျိုးသမီးဖြစ်သည်ဟု ချီးကျူးစကားဆိုခဲ့သည့်အပေါ် မယ်လိုနီကမူ အမေရိကန်စွန့်ဦးတီထွင်သူဖြစ်သည့် မက်စ်သည်လည်း အဖိုးတန်ပါရမီရှင်တစ်ဦးဖြစ်သည်ဟုပြန်လည်ပြောကြားခဲ့သည်။
Source : ဒဗ္ဗလျူအိတ်ချ်ဘီအယ်လ်

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
