နူးယော့ခ်၊စက်တင်ဘာ ၂၅
ရုရှား နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်တို့သည် နူးယော့ခ်မြို့၌ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ မြန်မာ့အရေးကိုတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ယခုတွေ့ဆုံမှု ကိုမစ္စဂျူလီ၏တောင်းဆိုမှုအရ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့် ပြေလည်ရေးအလားအလာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။
ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီးကမူ မြန်မာနိုင်ငံတစ်ဝန်းရှိအခြေအနေများ ပုံမှန်ပြန်လည်ဖြစ်ရေးအတွက် မရှိမဖြစ်လိုက်နာရမည့်အချက်မှာ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ဟူသော အချက်ပင်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ၌ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံသားများကသာ အဓိကဆုံးဖြတ်ရမည်ဖြစ်ပြီး ပြဿနာပြေလည်ရေးနည်းလမ်းများကို ဖော်ဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ရန်လိုအပ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကမူ တောင်းဆိုမှုရှိမှသာ အပြုသဘောဆောင်သည့်အကူအညီမျိုးပေးသင့်သည်ဟုလည်းဆိုခဲ့သည်။
Source : တပ်စ်


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
