ယူကရိန်းသို့ ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီများ ထပ်မံပေးအပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား လွှဲအပ်မည့် ဘိုင်ဒင် လက်မှတ်ရေးထိုးထားသော စာချွန်လွှာတွင် “ကာကွယ်ရေးဌာန၏ ကာကွယ်ရေးဆိုင်ရာ ဆောင်းပါးများနှင့် ဝန်ဆောင်မှုများတွင် ယူကရိန်းအတွက် ဒေါ်လာ ၃၇၅ သန်းအထိ ထုတ်ယူခွင့်ကို ညွှန်ကြားရန်၊ ခဲယမ်းများ၊ HIMARS ဒုံးကျည်များ၊ စစ်ရေးပညာနှင့် လေ့ကျင့်ရေးတို့ကို ပံ့ပိုးပေးရန် အခွင့်အာဏာ”ဟု ရေးသားထားကြောင်း သိရသည်။
အဆိုပါ ပံ့ပိုးကူညီမှု ပက်ကေ့ချ်တွင် ဗုံးများ၊ HIMARS ဒုံးပစ်လောင်ချာများအပြင် Javelin နှင့် TOW ဒုံးကျည်များ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၎င်းတွင် HIMARS (High Mobility Artillery Rocket System)၊ 155mm နှင့် 105mm အမြောက်ကျည်များ၊ ခဲယမ်းများ၊ သံချပ်ကာ၊ မိုင်းခံနိုင်ရည်ရှိသောကာကွယ်ရေးပစ္စည်းများ နှင့် အပေါ့စား နည်းဗျူဟာသုံးယာဉ်များ၊ ကင်းလှည့်သင်္ဘောများ၊ လက်နက်ငယ်များ၊ နှင့် သံချပ်ကာဖျက် လက်နက်များ ပါဝင်ပါသည်။ Javelin ဒုံးကျည်များ၊ TOW (Tube-launched၊ Optically-tracked၊ Wire-guided) ဒုံးပျံများနှင့် AT-4 (Anti-Tank)ဒုံးပျံများအပြင် အပိုပစ္စည်းများ၊ နောက်ဆက်တွဲပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ လေ့ကျင့်ရေးနှင့် သယ်ယူပို့ဆောင်ရေးများလည်းပါဝင်သည်”ဟု သတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
