Top News

အနောက်တောင်မုတ်သုံလေ စက်တင်ဘာလ တတိယအပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဆုတ်ခွါနိုင်
24htopnews | September 26, 2024 10:12 PM CST

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှ ဆုတ်ခွါသွားနိုင်ဖွယ်ရှိ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ တတိယ ၁၀ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ထုတ်ပြန်ရာတွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထည့်သွင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေကာ လာမည့် စက်တင်ဘာ ၂၇ မနက်ဖြန်၌ မြန်မာပြည်အနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး မန္တလေးတိုင်းအပါအဝင် စစ်ကိုင်း၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင် များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလ မှ အသိပေးထားသည်။


READ NEXT
Cancel OK