ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့(၃) ရပ်ကွက်မှပြည်သူများအတွက် ကမ္ဘောဇဘဏ်ဝန်ထမ်းများမှ စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၄)ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်များအား ကျပ်သိန်း (၂၀) စီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်ဝန်ထမ်းများမှ စက်တင်ဘာ(၂၅)ရက်က ကလောမြို့ရှိ ဆေးဝင်္ကပါကျောင်းသို့ သွားရောက်ပြီး ထောက်ပံ့ရေး ပစ္စည်း(၁၇) မျိုးကို ရေဘေးသင့် အိမ်ထောင်စု (၁၈၅) စုအတွက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကလောမြို့နယ် သိမ်တောင်ကျောင်းတိုက်သို့ သွားရောက်ပြီး ကျန်ရှိနေသော ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၁၁၅)စုအတွက် ဆန်၊ ငါးသေတ္တာ၊ အစားအသောက်များ၊ ခြုံစောင်များ၊ အိုးခွက်ပန်းကန်များ အပါအဝင် ပစ္စည်း (၁၇) မျိုးကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကလောမြို့တွင် စက်တင်ဘာ(၁၁)ရက်က စတင်၍ ရေကြီး၊ တောင်နှင့် မြေများပြိုကျခဲ့သောကြောင့် လမ်းပန်းဆက် သွ ယ်ရေးခက်ခဲနေပြီး ရိက္ခာအကူအညီနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိရာ လက်ရှိတွင်လည်း မိုးရွာသွန်းမှု များပြားနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံက သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
