ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် စက်တင်ဘာ (၁၀)ရက်နေ့မှစတင်၍ ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ကာ၊ ယမန်နေ့ စက်တင်ဘာ (၂၅)ရက်နေ့၌ လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် မိုင်းဆတ်မြို့အတွင်း (၁၅)ရက်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့်အပြင် ဖုန်းနှင့်အင်တာနက်များလည်း ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
“မနေ့ကဘဲ မယ်ပန်ရေအားလျှပ်စစ်ဌာနက မီးပြန်လည် လွှတ်ပေးပါပြီ။ ဖုန်းလိုင်းကတော့ ရတစ်ချက် မရတစ်ချက်ပေါ့။ အင်တာနက်လိုင်းတွေကတော့ ရနေပါပြီ”ဟု အဆိုပါဒေသခံက ပြောသည်။
သို့သော် ရေကြီးရေလျှံမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာ ကျိုးကျသွားသည့် အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး အဆိုပါ တံတားကို ယာယီသံဘေလီတံတားအစားထိုးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
လက်ရှိတွင် ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ထားသည့် ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရကြောင်းဆိုသည်။
“တံတားပျက်နေတာကြောင့်ကိုယ်ထူ ကိုယ်ထ သိသလောက် တတ်သလောက်လေးတွေနဲ့ပူးပေါင်းလုပ်ထားတဲ့ ဖောင်လေးပါ။ ဌာနဆိုင်ရာဝန်ထမ်းများမြို့သူမြို့သားများ ဟိုဘက်ကမ်းဒီဘက်ကမ်းကြိုးနဲ့ ဝိုင်းဆွဲပေးနေရတဲ့ အဖြစ်ပျက်တွေပါ။ဖြစ်နိုင်မယ်ဆိုရင် သက်ဆိုင်ရာလူကြီးမင်းများက ယာယီဘေလီတံတားလေးအမြန်ဆုံးလုပ်ပေးပါလို့မေတ္တာရပ်ခံပါတယ်ဗျာ။”ဟု ဒေသခံတစ်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြန် လည်မျှဝေထားသည်ကိုတွေ့ရသညါ။
ယခုလ စက်တင်ဘာ(၉)ရက်နေ့မှ စတင် ၍ ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုင်းဆတ်မြို့၊ မယ်ဆွမ်ချောင်းရေ မြင့်တက်သည့်အတွက် ချောင်းအနီးရှိ ဒေသခံများ၏ လယ်ယာများ ရေဝင်ကာ ပျက်စီးရှုံးဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-CJ




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
