မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချ၍ ရေဘေးသင့်ပြည်သူများကို ကူညီမည့် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် စက်တင်ဘာ(၂၇)ရက် နံနက်ပိုင်းတွင် ကလောမြို့သို့ စတင်ထွက်ခွာကူညီသွားမည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ထို့သို့ ထောက်ပံ့ကူညီရာတွင် ၎င်း၏ ချန်ပီယံခါးပတ် ရောင်းချရငွေအပါအဝင် ပြည်တွင်းပြည်ပမှ အလှူရှင်များလှူဒါန်းသည့် စုစုပေါင်း ငွေကျပ်သိန်း (၈၀၀) နီးပါး ကုန်ကျခံလှူဒါန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရာတွင် ဆန်အိတ်ပေါင်း (၅၀၀)၊ ဆီပုံး (၅၀၀)အပါအဝင် အဝတ်အထည် ၊ အနွေးထည်၊ ခေါက်ဆွဲခြောက်နှင့် အခြားသောစားနပ်ရိက္ခာများကိုပါ ထည့်သွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့နေရာတွေကို ချိတ်ဆက်ထားပါတယ်။ ငွေကြေးလည်း ထပ်လှူသွားဖို့ရှိပါတယ်။အခု ဝယ်ထားတဲ့ပစ္စည်းတန်ဖိုးတင် သိန်းလေးရာလောက်ရှိတယ်။ အချို့နေရာတွေက ငွေကြေးလည်းလိုအပ်နိုင်တာမို့ ငွေကြေးကိုပါ မျှပြီးလှူဒါန်းသွားပါမယ်။ ကလောဆိုပေမယ့် သွားနေတဲ့လမ်းကြောင်းပေါ်မူတည် ရှိနေတဲ့နေရာက ရေဘေးသင့်ပြည်သူတွေကိုပါ လှူဒါန်းသွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။
ယခု ခရီးစဉ်အတွင်း ရိုးရာလက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်း၊ ထွန်းမင်းအောင်၊ အဲမွီ၊ ဖိုးလပြည့်အပါအဝင် နာမည်ကျော်လက်ဝှေ့သမားများနှင့် မျိုးဆက်သစ် လက်ဝှေ့လူငယ်များ ပါဝင်ကြမည်ဖြစ်ကြောင်း ဆိုသည်။
ဓာတ်ပုံ-ထွန်းထွန်းမင်း




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
