■ မူဆယ်မြို့၌ ကျားဖြန့်အဖွဲ့လုပ်ငန်းတစ်ခုအား ဝင်ရောက်ဖမ်းဆီးစဉ် မန့်ဘိမ်းပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိ
■ တရုတ်နိုင်ငံသား ၁၈၈ ဦး၊ မြန်မာနိုင်ငံသား ၃၅၅ ဦးနှင့် ယွမ်ခုနှစ်သိန်းကျော်၊ တယ်လီဖုန်း ၅၈ လုံး အပါအဝင် ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိ
မူဆယ်မြို့၌ ကျားဖြန့်လုပ်ငန်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးစဉ် မန့်ဘိမ်းပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ပြီး တရုတ်နိုင်ငံသား ၁၈၈ ဦး၊ မြန်မာနိုင်ငံသား ၃၅၅ ဦးနှင့် ယွမ်ခုနှစ်သိန်းကျော်၊ တယ်လီဖုန်း ၅၈ လုံး အပါအဝင် ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သော တရားမဝင်အွန်လိုင်းငွေလိမ်အဖွဲ့ ကျားဖြန့်အဖွဲ့ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" စက်တင်ဘာလ ၂၃ ရက်နေ့မှာ မူဆယ်မြို့မှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူဆယ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့တွေဟာ မင်္ဂလာမူဆယ်အိမ်ရာအနီးမှာ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းနဲ့ ဝင်ရောက်ပြီးတော့ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ မူဆယ်မြို့မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် မန့်ဘိမ်းအဖွဲ့က စတင်ပစ်ခတ်ခဲ့တဲ့ဟာ မျိုးရှိပါတယ်။ အဲ့အချိန်မှာ ဒီမန့်ဘိမ်းအဖွဲ့က ဟိုဆောင်နယ်မြေဘက်ကို မော်တော်ယာဉ်တွေနဲ့ ထွက်ပြေးတယ်ဆိုတဲ့ သတင်းလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီမှာတော့ အဆောက်အအုံတွေထဲမှာ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသူများနဲ့ စက်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက် ငါးလက်လည်း ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ စစ်သည်များနဲ့ အရာရှိအချို့ ဒဏ်ရာရရှိခဲ့တာ ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါနေရာအား စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နှစ်ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၈၈ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၉၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၃၅၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဒီလောင်းကစားမှာ အသုံးပြုတဲ့ ဖုန်း ၅၈ လုံး အပါအဝင် ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့ပါတယ်။ တရုတ်ယွမ်ငွေ ခုနှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းမှု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်သူများကတော့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများကို နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
