မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ အမျိုးသားတစ်ဦးမှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၄) ရက်နေ့ ညပိုင်းက မုဒုံမြို့နယ် ကွမ်လှာကျေးရွာနေ အသက်(၃၄)နှစ်အရွယ် ကိုအောင်ချို ဆိုသူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ၎င်း၏နေအိမ်မှ လာရောက်ခေါ်ဆောင်သွားကြောင်းနှင့် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်တွင် ကိုအောင်ချို၏ ရုပ်အလောင်းအား ကွမ်လှာကျေးရွာအဝင်လမ်းဘေးရှိ ရော်ဘာခြံအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကိုအောင်ချို မှာက ညာဘက်နားထင်နားမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ကြရပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာက လာရောက်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ကိုအောင်ချိုမှာ “သန်မြန်သူ’’ဆိုင်ကယ်ကယ်ရီအသင်းဝင်တစ်ဦးဖြစ်ပြီး၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
လတ်တလောမွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများမကြာခဏဖြစ်ပွားနေရာ ပြီးခဲ့သည့် စက်တင်ဘာလ (၂၃) ရက်နေ့၊ ညပိုင်းအချိန်က ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဖြစ်သူ ဦးမြင့်အောင် နှင့် ၎င်း၏သမီးဖြစ်သူ ကျိုက်ထိုမြို့နယ်ပြည်ခိုင်ပါတီ လူငယ်ရေးရအဖွဲ့ဝင် မဝင်းနုခိုင်(ခ)မကေ တို့သားအဖနှစ်ဦးမှာ အမည်မသိသေနတ်သမားနှစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် ၎င်းတို့နေအိမ်အတွင်း သေဆုံးခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် စင်တင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းကလည်း မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးမဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့နှစ်ဦးကို ပြည်သူ့ဘက်တော်သား UG ဆိုသည့် အဖွဲ့မှ လာရောက်လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ (၁၈) ရက်နေ့ကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ဦးကျော်နိုင် (ခ) အပစ် ဆိုသူမှာလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသေးကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့ကလည်း မုဒုံမြို့နယ် နှီးပဒေါကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနိုင် နှင့် သားဖြစ်သူ မောင်သူရအောင် တို့ သားအဖနှစ်ဦးမှာလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
