ရန်ကုန်တိုင်းအတွင်း ယခုရက်ပိုင်းတွင် မိုးရက်ဆက်ရွာသွန်းနေသည့်အတွက် ယနေ့ စက်တင်ဘာ(၂၆)ရက်တွင် ငမိုးရိပ်ဆည် ရေပိုလွှဲမှ ရေ (၃)ပေနီးပါး ကျော်လာကြောင်း
ဆည်မြောင်းဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံမှ သိရသည်။
စက်တင်ဘာ (၂၂)ရက်တွင် ငမိုးရိပ်ဆည် ရေပိုလွှဲမှ (၁.၇၅) ပေသာ ကျော်လွန်ခဲ့သော်လည်း စက်တင်ဘာ (၂၅)ရက်တွင် ရေပိုလွှဲမှ (၂.၉၀)ပေအထိ ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ(၂၆)ရက်တွင် ငမိုးရိပ်ဆည်၏ ရေပိုလွှဲမှ (၂.၇၀)ပေ ကျော်လွန်နေပြီး စိုးရိမ်ရေမှတ်နားထိ ရောက်ရှိလာကြောင်း သိရသည်။
လက်ရှိ ငမိုးရိပ်ဆည် ရေပိုလွှဲမှ စိုးရိမ်ရေမှတ်နား နီးလာပြီး စိုးရိမ်ရေအမှတ်သို့ မရောက်ရှိသေးသော်လည်း ငမိုးရိပ် ချောင်းအနီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်နိုင်သောကြောင့် မြို့ခံများအနေဖြင့် သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း သိရသည်။
ရန်ကုန်တွင် စက်တင်ဘာ (၂၀)ရက်ကလည်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ငမိုးရိပ်ချောင်းရေ အနည်းငယ် မြင့်တက်လာရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပို င်း) မြို့နယ်၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံမြို့နယ် အနိမ့်ပိုင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် ရေလျှံမှုဖြစ်ပေါ်ခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
