ဖနွမ်းပင်၊စက်တင်ဘာ ၂၆
ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဌခွန်ဆူဒါရီနှင့် တရုတ်နိုင်ငံရေးခေါင်းဆောင်တစ်ဦးတို့တွေ့ဆုံကြစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် အစဉ်အလာမပျက်ထိန်းသိမ်းခဲ့ကြသည့်နှစ်နိုင်ငံဆက်ဆံရေးကို မပျက်ပြားစေဘဲ တိုးမြှင့်ဆောင်ရွက်သွားကာ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်းသိရသည်။
ဆူဒါရီသည် စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်အတွင်း တရုတ်နိုင်ငံသို့ (၅) ရက်ကြာတရားဝင်ခရီးသွားရောက်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ခရီးစဉ်အတွင်း ပေကျင်းနှင့်ရှန်ဟိုင်းသို့ပါသွားရောက်မည်ဟုသိရသည်။
ယခုခရီးစဉ်သည် ကမ္ဘောဒီးယားနှင့်တရုတ် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု၊ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုခိုင်မာအားကောင်းလာစေရန်ရည်ရွယ်ခြင်းဖြစ်ကာ နှစ်နိုင်ငံဘက်စုံမူဘောင်များကိုလည်း ပူးပေါင်းဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်းသိရသည်။
နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရယူပြီး ခရီးသွားလုပ်ငန်း၊ယဉ်ကျေးမှု၊စီးပွားရေး၊ကုန်သွယ်ရေး နှင့် ပညာရေးစသည့်နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုခဲ့သည်။
ဆူဒါရီ၏တရုတ်နိုင်ငံခရီးစဉ်သည် ဗီယက်နမ်၊လာအို၊ထိုင်းနှင့်ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
