လက်နက်ကိုင်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရေး-ထားဝယ်ရထားလမ်းပိုင်းပေါ်မှ တံတားတစ်စင်းကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြသည်ဟု မြန်မာ့မီးရထားက ထုတ်ပြန်ခဲ့သည်။
ရေး-ထားဝယ်ရထားလမ်းပိုင်း၏ ရေဖြူဘူတာနှင့်ထားဝယ်ဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၃၆၄/၁၁ နှင့် ၃၆၄/ ၁၂ ကြားရှိ တံတားအမှတ်(၆ဝ၆)မောင်မယ်ရှောင်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတား၏အောက်ခံကန့်လန့်ဖြတ်သံဘောင်(၂)ချောင်း၊ အလျား လိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း (၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများပျက်စီး ဆုံးရှုံးခဲ့သဖြင့် မြန်မာ့မီးရထား၏ ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးမှု(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းခွဲဖျက်ဆီးမှု(၁၇၂)ကြိမ်၊ ဘူတာအဆောက်အဦနှင့်ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးမှု(၁၆)ကြိမ်ကျူးလွန်ခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
