အီလွန်မတ်ခ်၏ SpaceX ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီမံကိန်းေရးဆွဲနေသည်ဟု ဗီယက်နမ်အစိုးရကကြာသပတေးနေ့(စက်တင်ဘာ ၂၆) တွင် ထုတ်ပြန်ပြောဆိုသည်။
နူးယော့ခ်တွင် ဗီယက်နမ် သမ္မတ တူလမ်နှင့် SpaceX ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် အစိုးရရေးရာများဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဌ Tim Hughes တို့ တွေ့ဆုံခဲ့ကြအပြီးတွင် ယခုသတင်း ထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်သည်။
SpaceX ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်ကို ဗီယက်နမ်အစိုးရက စဉ်းစားသုံးသပ်နေသည်ဟု လမ်က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြိုပြင်ဆင်မှုများကို ထိထိရောက်ရောက် ပြီးမြောက်စေရန်အတွက် ဗီယက်နမ် နိုင်ငံ ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အ နီးကပ် ပူးပေါင်းဆောင်ရွက်ရန် လမ်က SpaceX ကို တိုက်တွန်းခဲ့သည်ဟုလည်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သည့် SpaceX ကုမ္ပဏီကမူ ယင်းကိစ္စ နှင့်ပတ်သက်၍ ရိုက်တာ သတင်းဌာန၏ မေးမြန်းမှုကို လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိကြောင်း သိရသည်။
ရည်ညွှန်း ၊ ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
