ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် ကျေးရွာအချို့တွင်နေထိုင်သူများမှာ အစားအသောက်၊ အဝတ်အထည်နှင့်ဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
” ရေကြီးတာကအတော်များများပျက်စီးတာတွေဖြစ်သွားတယ်။ ရွာငံမြို့နယ်ထဲက ယကြီးကျေးရွာဆိုရင် အနိမ့်ပိုင်းနေရာတွေက အိမ်ခြေ ၅၀ လောက်ရေမြုပ်နေတုန်းပဲ။ လက်ရှိ အကူအညီအရမ်းလိုနေပါတယ်။ အဓိက ကတော့ အခြေခံစားသောက်ကုန်၊ အဝတ်အထည်နဲ့ဆေးဝါးပေါ့။ ကျွန်တော်တို့တွေလည်း နိုင်သလောက်တော့ကူညီပေးနေပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ရေကြီးရေလျှံမှုကြောင့် ရွာငံမြို့နယ်ရှိ ယကြီးကျေးရွာ၊ မင်းပလောင်ကျေးရွာ၊ တဲ့လုကျေးရွာ၊ ဝါးရွက်ကျေးရွာ၊ မြေနီကုန်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများပြားသဖြင့် ဒေသခံများမှာ ရေဘေးလွတ်ရာနေရာများတွင် ခိုလှုံနေထိုင်နေရကြောင်း သိရသည်။
” ရေဘေးကြောင့် ဆက်သွယ်ရေးတွေအကုန်ပျက်နေတယ်လို့သိရတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေတစ်ခုမှမမိဘူးတဲ့”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
လက်ရှိအချိန်၌ ရေဘေးကြုံတွေ့ခဲ့ရပြီး အကူအညီများလိုအပ်နေသည့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံများအား ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
