နူးယော့ခ်၊စက်တင်ဘာ ၂၅
တရုတ်-အမေရိကဆက်ဆံရေးမှ အဓိကရရှိခဲ့သည့်သင်ခန်းစာအရ အမေရိကနှင့်တရုတ်တို့သည် ရန်သူများမဟုတ်ကြဘဲ မိတ်ဖက်များသာဖြစ်ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။
အမေရိက-တရုတ်ဆက်ဆံရေး နိုင်ငံအဆင့်ကော်မတီမှအဖွဲ့ဝင်များ၊အမေရိက – တရုတ်စီးပွားရေးကောင်စီ၊အမေရိကကုန်သည်ကြီးများအသင်း၊Aspen အင်စတီကျု၊အာရှလူ့အဖွဲ့အစည်းနှင့်နိုင်ငံခြားဆက်ဆံရေးကောင်စီမှ အဖွဲ့ဝင်များနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပ၌တွေ့ဆုံစဉ် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မိမိကိုယ်ကိုယ်မိမိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် တရုပ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကအပါအဝင် အခြားကမ္ဘာ့နိုင်ငံအသီးသီးအတွက် အခွင့်အလမ်းသာဖြစ်ပြီး စိန်ခေါ်မှုမဟုတ်ကြောင်းကို ယူအက်စ်ကအသိအမှတ်ပြုရန် လိုကြောင်း မစ္စတာဝမ်ကပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များလည်းဖြစ်သကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုလည်းဖြစ်သည့် တရုတ်နှင့်အမေရိကတို့ အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်ခိုင်မာပြီး စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် အတူကြိုးပမ်းဆောင်ရွက်ကာ ယနေ့ကမ္ဘာတွင်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့်လက်တွဲဆောင်ရွက်သင့်သည်ဟုလည်းဆိုသည်။
အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုတို့ကို မြှင့်တင်နိုင်ရန်အတွက် အမေရိကအနေဖြင့် တရုတ်နိုင်ငံကို ဓမ္မဓိဋ္ဌာန်ကျပြီး ကျိုးကြောင်းသင့်စွာ နားလည်ရန်မျှော်လင့်ကြောင်းလည်း မစ္စတာဝမ်ကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
