ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ၂၀၂၄ Ballon d'Or ဆုကို ရရှိမည်ဟု အကြောင်းကြားခံထားရကြောင်း နာမည်ကျော် စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာလ (၂၈) ရက်(တနင်္လာနေ့)တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် Ballon d'Or ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်းကို ထုတ်ပြန်ထားပြီး ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရှိရသည်။
ယခုအခါ Marca သတင်းစာက Ballon d'Or ဆုကို ကြီးမှူးချီးမြှင့်သည့် France Football မဂ္ဂဇင်းက ၂၀၂၄ ဆုကို ဗင်နီစီယပ်စ် ရရှိမည်ဟု ကစားသမားထံအကြောင်းကြားထားပြီဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ Nike Store သည် ၂၀၂၄ Ballon d'Or ဆု ရရှိမည့် ဗင်နီစီယပ်စ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ဓာတ်ပုံများကို ရွှေရောင် Theme ဖြင့် ပြသရန်ပင် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှ စတင်ပြီး Ballon d'Or ဆုကို ရီးယဲလ်မက်ဒရစ်ကစားသမားများက ကြီးစိုးထားပြီး ပြီးခဲ့သည့် (၁၁)နှစ်တာကာလအတွင်း ရီးယဲလ်မက်ဒရစ်ကစားသမားများမှလွဲပြီး Ballon d'Or ဆုကို ရရှိခဲ့သူမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ တစ်ဦးတည်းသာ ရှိခဲ့သည်။
၂၀၂၄ Ballon d'Or ဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်းတွင် လက်ရှိရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်သည့် ဘယ်လင်ဂမ်၊ ဘာပေ၊ ဗင်နီစီယပ်စ်၊ ရူဒီဂါ၊ ဗယ်လ်ဗာဒီ၊ ကာဗာဟယ်လ် နှင့်အတူ ကစားသမားဘဝမှ အနားယူသွားသည့် ရီးယဲလ်ကွင်းလယ်ကစားသမားဟောင်း တိုနီခရို့စ်လည်း ပါဝင်နေသည်။
သို့သော် ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်မှာ ၂၀၂၄ Ballon d'Or ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး ရေပန်းစားသည့်အတိုင်း ဆုရမည်ဟု Marca က ဖော် ပြခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်(၂၄ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဖြစ်ခဲ့သည့် ရီးယဲလ်အသင်းတွင် အဓိက ခြေစွမ်းပြခဲ့သူဖြစ်သည်။
၎င်းသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲ တွင် (၂၄)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
