မြန်မာအပါအဝင် နိုင်ငံလေးခုမှ အထောက်အထားမဲ့အလုပ်သမားများကို လူသစ်မှတ်ပုံတင်ခွင့်ပြုပြီး အတူပါလာသည့် ၁၈ နှစ်အောက် ကလေးငယ်များကို တရားဝင်နေထိုင်ခွင့်ပြုကြောင်း ထိုင်းအစိုးရ ထုတ်ပြန်လိုက်ကြောင်း ထိုင်းနိုင်ငံရှိ FED (Foundation for Education and Development) က သတင်းထုတ်ပြန်သည်။
နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီ၏ တောင်းဆိုချက်အပေါ် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးတွင် အချက်သုံးချက်ကို သဘောတူခွင့်ပြုခဲ့ရာ ယင်းအချက်ပါဝင်လာခြင်းဖြစ်သည်။
ထိုင်းအစိုးရအဖွဲ့က သဘောတူခွင့်ပြုခဲ့သည့်အချက် သုံးချက်မှာ အထောက်အထားမဲ့နိုင်ငံသားများဖြစ်သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံသားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့်ပြုပြီး ၎င်းတို့နှင့်အတူပါလာသည့် အသက် ၁၈ နှစ်အောက်ကလေးငယ်များကို တရားဝင်နေထိုင်ခွင့်ပြုကြောင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပါမစ်သက်တမ်းကုန်မည့် အလုပ်သမားများကို (MoU စနစ်ဖြင့် တပေါင်းတည်း) နေထိုင်အလုပ်လုပ်ကိုင်ခွင့်တစ်ကြိမ်လျှင် သက်တမ်း နှစ်နှစ်ဖြင့် နှစ်ကြိမ် လေးနှစ်အထိ တိုးပေးရန်နှင့် အလုပ်ရှင်ပြောင်းလဲသည့် ကာလကို ယခင်ကတစ်လသတ်မှတ်ထားရာမှ ယခုအခါ နှစ်လအထိ တိုးမြှင့်ပေးကြောင်း သိရသည်။
သို့သော် ကော်မတီက တောင်းဆိုခဲ့သည့် နယ်စပ်ဒေသများတွင် ရာသီအလိုက်ပြောင်းရွှေ့လုပ်ကိုင်သည့် အလုပ်သမားများ၏ အလုပ်လုပ်ခွင့်ကာလနှင့်အခြားသောတောင်းဆိုချက်များ မအောင်မြင်ခဲ့ကြောင်း၊ ယခင်အတိုင်း သုံးလတစ်ကြိမ်နှင့် ဝင်ရောက်လာသည့်နယ်စပ်အဝင်အထွက်နေရာမှသာ ဝင်ထွက်ကာ သက်တမ်းထပ်တိုးနိုင်မည်ဖြစ်ကြောင်း FED (Foundation for Education and Development) က သတင်းထုတ်ပြန်သည်။
အထောက်အထားအသစ်မှတ်ပုံတင်ခြင်းအတွက် ကုန်ကျစရိတ်အသေးစိတ်နှင့် စတင်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ထိုင်းဘုရင့်နန်းတော်မှ ခွင့်ပြုချက်ရပြီး ကြေညာထုတ်ပြန်မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း FED က ဆိုသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များအနေဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများလည်း ရှိနေသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် စတင်ခဲ့သည့် ဇွန် ၅ရက်မှ စက်တင်ဘာ ၁၉ ရက်ထိ ၁၀၆ ရက်အတွင်း မြန်မာ၊လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှ လာရောက်လုပ်ကိုင်ကြသည့်တရားမဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၅၆၂၁၃ ဦးဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံအလိုက် ဖမ်းဆီးခံရသော တရားမဝင် အလုပ်သမားများမှာ မြန်မာအလုပ်သမား ၁၉၃၄၃၀ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃၉၇၃၆ ဦး၊ လာအိုအလုပ်သမား ၁၅၂၈၁ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၆၂ ဦးနှင့် အခြားနိုင်ငံသားအလုပ်သမား ၇၆၀၄ ဦးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
