Top News

ဆာလာထွက်ခွာခဲ့ပါက အစားထိုးရန်အတွက် ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုအားခေါ်ယူရန် လီဗာပူးလ်စိတ်ဝင်စားနေ
24htopnews | September 27, 2024 5:12 AM CST

လီဗာပူးလ်အသင်းသည် အသင်း၏ တိုက်စစ်ကြယ်ပွင့် ဆာလာထွက်ခွာခဲ့ပါက အစားထိုးရန်အတွက် ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ရိုဒရီဂိုသည် လက်ရှိအချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်နေသည့် ကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းတိုးရန် သဘောတူညီမှု မရရှိပါက အသင်းမှထွက်ခွာဖွယ်ရှိနေသည်။

လီဗာပူးလ်အသင်းအနေဖြင့်လည်း ရိုဒရီဂိုအား အသင်းထံသို့ လာရောက်ကစားရန် စည်းရုံးနိုင်ပါက ရိုဒရီဂိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားဘ၀ နောက်ဆုံးလများကို ကစားရတော့မည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ရိုဒရီဂိုကို ခေါ်ယူရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၁၀၀)အထိ အသုံးပြုရန် စိတ်ဝင်စားနေပြီး ယင်းပမာဏမှာ ကလပ်အသင်းသမိုင်းတွင် ကစားသမား ခေါ်ယူမှုအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

အသက် (၂၃) နှစ်အရွယ်သာ ရှိသေးသည့် ရိုဒရီဂိုသည် လက်ရှိအချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားလျက်ရှိပြီး စုစုပေါင်း (၂၂၅) ပွဲကစားခဲ့ရာတွင် (၅၇) ဂိုးသွင်းကာ၊ (၄၃)ကြိမ် ဖန်တီးပေးထားသည်။


READ NEXT
Cancel OK