ဘာစီလိုနာဂိုးသမား စတီဂန်က ၎င်းဒဏ်ရာရရှိချိန်တွင် လေးစားမှုကို ပြသခဲ့သည့် ဗီလာရီးယဲလ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဂျာမန်ဂိုးသမား စတီဂန်(၃၂ နှစ်)သည် စက်တင်ဘာ (၂၂) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗီလာရီးယဲလ် (၁-၅) ဘာစီလိုနာပွဲ၌ ပထမပိုင်းပြီးခါနီးတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်အထိ အနားယူရတော့မည် ဖြစ်ကြောင်း သိရသည်။
စတီဂန်သည် ၎င်း၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဒူးဒဏ်ရာခွဲစိတ်ပြီးနောက် စတီဂန်က ''တနင်္ဂနွေနေ့ကတည်းက ကျွန်တော့်ရဲ့ ဒဏ်ရာသတင်းကိုမေးပြီး အားပေးခဲ့ကြတဲ့ ဘာစီလိုနာပရိသတ်တွေ၊ အသင်းဖော်တွေ၊ ပြိုင်ဘက်တွေ၊ ကလပ်အသင်းနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကွင်းအတွင်းမှာ လေးစားမှုကို ပြသခဲ့တဲ့ ဗီလာရီးယဲလ်ပရိသတ်တွေကိုလည်း ကျေးဇူူးတင်ပါတယ်။ ကျွန်တော် သန်မာစွာ ပြန်လာမှာပါ။ ကျေးဇူးပါပဲ''ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
