ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများပေးသည့် အေဂျင်စီတချို့ကို အလုပ်သမားဝန်ကြီးဌာနက အရေးယူထားသောကြောင့် ယင်းအေဂျင်စီများနှင့် ချိတ်ဆက်ထားသည့် ပြည်ပထွက် အလုပ်လုပ်မည့်သူများ ပြည်ပထွက်ခွင့်ရရန် အခက်ကြုံနေကြောင်း သိရသည်။
ပေါ်ပြူလာနယူးစ်မှ ရရှိထားသည့် စာရင်းများအရ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း
မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ (၈၁)ခုကို အလုပ်ခေါ်စာအသစ် တင်ခွင့်ခေတ္တဆိုင်းငံ့ထားကြောင်း သိရသည်။
ထို့ကြောင့် အရေးယူခံထားရသည့် အေဂျင်စီများနှင့် ချိတ်ဆက်ထားသည့် အလုပ်သမားများအနေဖြင့် ပြည်ပထွက်ခွါခွင့်ရရန် အချိန်ကြန့်ကြာမှုတွေ ရှိလာနိုင်သည့် အဖြစ်မျိုး ကြုံနေခြင်း ဖြစ်ကြောင်း စုံစမ်း သိရသည်။
“အရေးယူခံထားရတာမှာ ထိုင်းကိုလွှတ်တဲ့ အေဂျင်စီတွေလည်းများတယ်၊ ထိုင်းမှာသွားလုပ်မယ့် လူတွေ ကြန့်ကြာနေတာပါ့နော်၊ အေဂျင်စီတွေအနေနဲ့ အလုပ်သမားရုံးက တင်ပြဖို့ပြောတဲ့ လွှဲပို့ငွေအထောက်အထားပြန်တင်ပြနိုင်ရန် ပြန်ခွင့်ပြုပေးဖို့ရှိပါတယ်” ဟု အလုပ်သမားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှလည်း သိရသည်။
လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အေဂျင်စီ (၁၅၀)အနေဖြင့် အထောက်အထားသတ်မှတ် ရာခိုင်နှုန်းပြည့်ပေးပို့နိုင်၍ စေလွှတ်ရေးလုပ်ငန်းစဉ်များ ပုံမှန်အတိုင်း ဆက်ခွင့်ပြုပေးထားကြောင်းလည်း သိရသ ည်။
အေဂျင်စီမှ စေလွှတ်ခဲ့သည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား (၁)လလျှင်တစ်ကြိမ် (သို့) (၃) လလျှင်တစ်ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် (၂၈) ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီများကို ပြည်ပကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်း စသည့် အရေးယူမှုများ ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
အရေးယူခံရသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုနည်းတူ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏ မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို လအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်မပေးခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းစသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
