အနယ်နယ်အရပ်ရပ်မှ ကုန်စိမ်းကားများ ပုံမှန်အတိုင်းပြန်လည်ဝင်ရောက်နေပြီဖြစ်သည့် အတွက် ကုန်စိမ်းဈေးနှုန်းများကျဆင်းလာပြီဖြစ်ကြောင်း တညင်းကုန်းလက်ကားဈေးမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး မြေပြို၍ လမ်းများပျက်စီးခဲ့သည့်အပြင် တံတားများလည်း ကျိုးခဲ့ကြောင်း သိရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုအဆိုးရွားဆုံးဖြစ်ခဲ့ပြီး သီးနှံစိုက်ဧကအများအပြားပျက်စီးခဲ့ကြောင်း သိရသည်။
” ရေကြီးတဲ့သုံးလေးရက်ကတော့ ကုန်စိမ်းဈေးတွေကတတ်သွားတာ။ ဂေါ်ဖီတစ်ထုပ်ကို (၈၀၀၀) ၊ (၁၀၀၀၀) ထိတတ်သွားတာ။ အပြင်ဈေးတွေဆိုရင် ပိုဆိုးပေါ့။ ဖရဲတို့ တခြားသီးနှံဈေးတွေဆိုလည်း အကုန်တတ်သွားတာ။ အခုတော့ ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီ။ ဈေးတွေလည်း ပြန်ကျနေပြီ” ဟု တညင်းကုန်းလက်ကားဈေးမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူနယူးစ်သို့ ပြောသည်။
တညင်းကုန်းလက်ကားဈေးကြီးသို့ အနယ်နယ်အရပ်ရပ်မှ ကုန်စိမ်းကားနှင့်သီးနှံကားအစီးရေ (၅၀) နှင့် (၁၀၀) ကြားဝင်ရောက်ပြီး အခြားတွဲကားများမှာ အစီးရေ (၃၀၀) နှင့် (၅၀၀) ကြားဝင်ရောက်ကြောင်း သိရသည်။
တညင်းကုန်းလက်ကားဈေးကြီးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (ဈေးများဌာန) နှင့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်း၍ မြေအကျယ် ဧက (၈၀) ကျော်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
