ရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်များေ-သကြေပျောက်ဆုံးခဲ့ရသည့် ရေဘေးသင့်မွေးမြူရေးလုပ်ငန်းများအတွက် အလှူငွေ၊ တိရစ္ဆာန်အစာနှင့်တိရစ္ဆာန်ဆေးဝါးများလှူဒါန်းပွဲကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း(၂၀၀၀)နှင့် ငွေကျပ်သိန်း(၈၀)တန်ဖိုးရှိ တိရစ္ဆာန်အစာများ လှူဒါန်းခဲ့သည်ဟု သိရသည်။
အလားတူ “မြန်မာဆန်းသီရိ”ကုမ္ပဏီမှ ငွေကျပ်သိန်း(၆၀၀)တန်ဖိုးရှိ တိရစ္ဆာန်ကုသဆေး(၁၈)မျိုး၊ ” Fortune International Limited ” မှ ငွေကျပ်(၃၈၇ ဒသမ ၈)သိန်း တန်ဖိုးရှိ တိရစ္ဆာန်ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလှူငွေများနှင့်ဆက်စပ်ပစ္စည်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
