ဖနွမ်းပင်၊စက်တင်ဘာ ၂၆
ကမ္ဘာ့ဘဏ်သည် သိပ္ပံ၊နည်းပညာ၊အင်ဂျင်နီယာနှင့် သင်္ချာအစရှိသည့် ဘာသာရပ်များတွင် ကမ္ဘောဒီးယား၏အဆင့်မြင့်ပညာရေး အရည်အသွေးကိုမြှင့်တင်နိုင်ရန် ရန်ပုံငွေ အဖြစ် အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကပေးအပ်သည့် အဆိုပါဘဏ္ဍာ ရန်ပုံငွေသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန်အတွက် ကျွမ်းကျင်လုပ်သားများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ စက်တင်ဘာ ၂၃ ရက်က သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အရ လာမည့်ခြောက်နှစ်တာကာလအတွင်း ကမ္ဘောဒီးယား၏ ပညာရေးဆိုင်ရာသင်ရိုးညွှန်းတမ်းများ၊လေ့ကျင့်ရေးသင်ခန်းစာများနှင့်ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် သင်ယူမှုနည်းလမ်းများကိုပေါင်းစပ်ထည့်သွင်းကာ အမျိုးသမီး ၁၃,၀၀၀ အပါအဝင် ကျောင်းသားကျောင်းသူပေါင်း ၃၂,၀၀၀ ခန့်ကို အကျိုးရှိစေမည်ဖြစ်သည်ဟုလည်းသိရသည်။
ယခု စီမံချက်ကို အစိုးရအဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုးခု၌ အကောင်အထည်ဖော်မည်ဖြစ်ကာ နိုင်ငံ၏စီးပွားရေးဦးစားပေးမှုနှင့်ကိုက်ညီသည့် ဘွဲ့ရလူငယ်များနှင့်သုတေသနလုပ်ငန်းများကို ဖော်ဆောင်ပေးနိုင်ရန်မျှော်မှန်းသည်။
Source : ဖနွမ်းပင်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
