ကုလသမဂ္ဂ၊စက်တင်ဘာ ၂၆
နူးယော့ခ်မြို့၌ကျင်းပပြုလုပ်နေသည့် ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်မှုဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဆင့်မြင့် အရာရှိများအစည်းအဝေး သို့တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်၍မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်က ငြိမ်းချမ်းရေးရရှိရန်မှာ မှန်ကန်သော လုံခြုံရေးသဘောတရားကိုလက်ကိုင်ထားရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်း အယူအဆမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့်အခြေခံမူများကိုလိုက်နာရန်၊ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကိုလေးစားလိုက်နာရန်၊စစ်အေးတိုက်ပွဲစိတ်ဓါတ်နှင့် အနိုင်အရှုံး ကစားပွဲစိတ်ဓါတ်ကိုစွန့်လွှတ်ကာ အစုအဖွဲ့နိုင်ငံရေးစနစ်မျိုးကိုတွန်းလှန်ရန်လိုအပ်သည်ဟုလည်းဆိုခဲ့သည်။
ငြိမ်းချမ်းရေးရရှိရန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားမျှတမှုကိုလက်ကိုင်ထားရန်လိုအပ်ပြီး နိုင်ငံအရွယ်အစားမခွဲခြားဘဲ တန်းတူညီမျှမှုရှိစေရန်ကြိုးပမ်းကာ လုံခြုံရေးကောင်စီ၏ အခွင့်အာဏာကိုကာကွယ်ကာ ကောင်စီကအသိအမှတ်မပြုသည့် တဖက်သတ်ပိတ်ဆို့ဒဏ်ခတ်မှုများကို ဆန့်ကျင်သင့်သည်ဟုလည်းပြောကြားခဲ့သည်။
နမူနာအားဖြင့် လတ်တလောအခြေအနေအရ ပါလက်စတိုင်းသည် ကုလအဖွဲ့ဝင်ဖြစ်သင့်ပြီး ယခုထက်ပိုအရေးကြီးသည်မှာ ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးကို အပြီးအပိုင်ဖော်ဆောင်ကာ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရေးကိုပြုလုပ်ပြီး လက်ဘနွန်၌ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်းကိုတားဆီးရန်ကိစ္စမျိုးဖြစ်သည်ဟုဆိုခဲ့သည်။
ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း တရုတ်၏ ခိုင်မာသည့်ရပ်တည်ချက်အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးကာ နိုင်ငံရေးပြေလည်မှုရယူပြီး သံတမန်နည်းအရသာဖြေရှင်းသင့်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
