Top News

၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြား
24htopnews | September 27, 2024 12:12 PM CST

အာရပ်စော်ဘွားများပြည်ထောင်စု RAS AI Khaimah(RAK) မြို့၌ကျင်းပမည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန် သီရိလင်္ကာနိုင်ငံ Chamber of Tourism and Industry မှ ဖိတ်ကြားထားကြောင်း သိရသည်။

ပြပွဲကို သီရိလင်္ကာနိုင်ငံ၊ Chamber of Tourism and Industry Sri Lan-ka (CTISL) နှင့် Ras AI Khaimah Chamber of Commerce and Industry တို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ (Fin Tech)၊ Blockchain နည်းပညာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများကို လုပ်ငန်းပေါင်း ၂၃၀ ကျော်မှ ပါဝင်ပြသသွားမည်ဖြစ်သည်။

ထို့အပြင် ပြပွဲသို့ လူဦးရေ ၁၀၀၀၀ ကျော် လာရောက်ရန် မျှော်မှန်းထားပြီး ကုန်စည်ပြပွဲသို့ တက်ရောက်ခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြုံနှင့် နိုင်ငံတကာ အဆက်အသွယ်များရရှိကာတက်ရောက်လာသည့် ခေါင်းဆောင်များနှင့် တီထွင်သူများ တွေ့ဆုံ ဆွေးနွေး၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အပြင် ဈေးကွက်အမြင်နှင့် စီးပွားရေးချဲ့ထွင်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK