နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသည့် ထိုင်း နိုင်ငံ ရှိ မြန်မာများ ရက်ချိန်းရယူရန် မလိုအပ်ပဲ နေ့ချင်းပြီး ပြုလုပ်နိုင်ပြီး ဝန်ဆောင်မှုပေးသည့် အချို့ကိုယ်စားလှယ်များသည် စျေးနှုန်းများစွာဖြင့် စည်းရုံးနေသည့်အတွက် ကိုယ်တိုင်လာရောက် ပြုလုပ်ကြရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင် အလုပ်လုပ်ကိုင်နေသူများ၊ ရဟန်း သံဃာများ၊ ဆေးရုံတက်လူနာနှင့် ဆေးရုံစောင့်သူများ၊ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသူများ၊ နိုင်ငံခြားသင်္ဘောလိုက်ပါနေသူများအား သတ်မှတ်ထားသော စာရွက်စာတမ်းပြည့်စုံပါက မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့တွင် နေ့ချင်းပြီး အသစ်လဲလှယ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးမှ လုပ်သားများကို စက်ရုံတာဝန်ခံများမှ အုပ်စုဖွဲ့ပြီး စာရွက်စာတမ်းပြည့်စုံစွာဖြင့် ခေါ်လာပါကလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် နေ့စဉ်ပြုလုပ်ပေးနိုင်သော အရေအတွက်ထက် လျော့နည်းပြုလုပ်ပေးနေရသည့်အတွက် မည်သူမဆို ရက်ချိန်းရယူရန် မလိုဘဲ အလုပ်အားလပ်ရက်တွင် ရုံးဖွင့်ချိန်နံနက်ပိုင်း ၁၂ နာရီမတိုင်မီ လာရောက် စာရင်းသွင်းကာ နေ့ချင်းပြီး ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်တွက် ပါရှိသည်။
အချို့သော အလွတ်တန်းဝန်ဆောင်မှုပေးနေသည့် ကိုယ်စားလှယ်များသည် ဈေးနှုန်းများစွာ ဖော်ပြ၍ ဆွဲဆောင်စည်းရုံးနေကြောင်း မီဒီယာများ၌ တွေ့ရှိနေရသဖြင့် မိမိကိုယ်တိုင် လာရောက်ပြုလုပ်ကြရန်နှင့် မလိုအပ်ဘဲ ငွေကုန်ကျမှု မခံကြရန် အသိပေးအပ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
