ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်လိုပါက နေ့ချင်းပြီးလုပ်ဆောင်ပေးနေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့မှ ယမန်နေ့ စက်တင်ဘာ ၂၆ ရက်ကအသိပေးခဲ့သည်။
နိုင်ငံကူးလက်မှတ်အသစ်လဲလှယ်ရာတွင် မြန်မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)တို့၌ နေ့စဉ်
ပြုလုပ်ပေးနိုင်သော အရေအတွက်ထက်လျော့နည်းပြုလုပ်ပေးနေရသဖြင့် ရက်ချိန်းရယူရန်မလိုဘဲ အလုပ်အားလပ်ရက်တွင် ရုံးဖွင့်ချိန်နံနက်ပိုင်းမှစ၍ မွန်းတည့် ၁၂ နာရီမတိုင်မီအထိ စာရင်းသွင်းကာနေ့ချင်းပြီးပြုလုပ်ပေးနေသည်ဟု သိရသည်။
ထို့ပြင် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်အလုပ်လုပ်ကိုင်နေသူများ၊ ရဟန်း/သံဃာများ၊ ဆေးရုံတက်လူနာနှင့်ဆေးရုံစောင့်သူများ၊ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသူများ၊ နိုင်ငံခြားသင်္ဘောလိုက်ပါနေသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် စာရွက်စာတမ်းပြည့်စုံပါက နေ့ချင်းပြီးအသစ်လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားများအား စက်ရုံတာဝန်ခံများမှ အုပ်စုဖွဲ့၍ စာရွက်စာတမ်းအပြည့်အစုံဖြင့်ခေါ်လာပါကလည်း နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ထိုသို့ ပြုလုပ်ပေးရာ၌ အလွတ်တန်းဝန်ဆောင်မှုပေးနေသော ကိုယ်စားလှယ်များသည် ဈေးနှုန်းများစွာဖော်ပြ၍ ဆွဲဆောင်စည်းရုံးနေသည်ကိုတွေ့ရှိနေရသဖြင့် “မိမိကိုယ်တိုင် လာရောက်ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ ငွေကုန်ကျမှုမခံကြရန်” လည်း မြန်မာသံရုံးက သတိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
