ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အစားအသောက် ဘေးကင်းနိုင်ရေးနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးချက်ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ ရေကြီးရေလျှံမှုကြောင့် သိုလှောင်ထားသည့် အစားအသောက်များသည် ကွဲအက်၊ ပျက်စီးခြင်း၊ မိလ္လာ၊ အညစ်အကြေးများနှင့် ရောစပ်နိုင်ခြင်း၊ ဆီများနှင့် အခြားဓာတုပစ္စည်းများ ရောစပ်ပါဝင်နိုင်သောကြောင့် အစားအသောက်များကို စိစစ်နိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
ဆက်လက်စားသုံး၊ အသုံးပြုနိုင်သည့် အစားအသောက်များတွင် ရေကြီးရေလျှံမှုနှင့် မထိစပ်သည့် အစားအသောက်များ၊ သန့်ရှင်းပြီး အညစ်အကြေးကင်းသည့် ရေစိုခံသည့် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသည့် အစားအသောက်များ ပါဝင်ပြီး စနစ်တကျ သန့်စင်ပြီး မပျက်စီးသည့် စည်သွပ်ဘူးများ ပါဝင်သည်။
သို့သော် ရေကြီးရေလျှံမှုနှင့် ထိစပ်ထားသည့် ချက်ပြုတ်ပြီးသော အစားအသောက်များ၊ မချက်ပြုတ်ရသေးသည့် အစားအသောက်၊ ကုန်ကြမ်းများ၊ အရောင်၊အနံ့ မကောင်းမွန်သည့် သောက်သုံးရေများနှင့် အဖုံးမလုံသည့် သောက်ရေသန့်ဘူးများ၊ အနံ့အသက်၊အနေအထား၊ အရောင် မကောင်းမွန်သည့် အစားအသောက်တွေများ၊ စက္ကူပုံးနှင့် ရေစိုမခံသည့် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသည့် အစားအသောက်များ၊ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက် ပျက်စီးနေသည့် အစားအသောက်များသည် ဆက်လက်စားသုံးရန် မသင့်တော်ကြောင်း ဖော်ပြထားသည်။
ထိုနည်းတူ ရေခဲသေတ္တာထဲ၌ သိမ်းဆည်းထားသည့် အစားအသောက်များသည် လျှပ်စစ်ဓာတ်အားပြတ်တောက် သွားသည့်အခါ အအေးဓာတ်ကို ထိန်းမထားနိုင်သည့်အတွက် အခန်းအပူချိန်အတွင်း (၄)နာရီကြာပြီးနောက် အစားအသောက်များကိုလည်း စားသုံးဖို့ မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဖော်ပြထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
