ယခုလ ၂၉ ရက်နေ့မှစ၍ ကမ္ဘာကြီးတွင် လနှစ်စင်းပေါ်ထွက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။ အဆိုပါလသည် 2024 PT5 ဟုအမည်ပေးထားသော သေးငယ်သည့်ဂြိုဟ်သိမ်တစ်ခုဖြစ်သည်ဟုလည်းဆိုကြသည်။
နှစ်ပေါင်း ၄ ဘီလျံနီးပါးကြာမြင့်နေပြီဖြစ်သည့် ကမ္ဘာဂြိုဟ်ကိုလှည့်ပတ်နေသည့် ပုံမှန်မြင်တွေ့နေကျ “လ” နှင့်မတူဘဲ ယခုအသစ်ဖြစ်ပေါ်လာမည့်လကို “လငယ်” ဟူ၍လည်းခေါ်ဆိုကြပြီး နေကိုလှည့်ပတ်နေသည့် ၎င်း၏မူလဂြိုဟ်ပတ်လမ်းသို့ပြန်မရောက်မီ ကမ္ဘာမြေကိုယာယီလှည့်ပတ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ကမ္ဘာမြေဆီသို့အလည်အပတ်သဘောရောက်ရှိလာမည့် အဆိုပါ “လငယ်” သည် ကမ္ဘာနှင့်
ဆင်တူသည့်ပတ်လမ်းမျိုးရှိသည့် အာဂျူနာအမည်ရှိဂြိုဟ်သိမ်ခါးပတ်မှ ပဲ့ထွက်လာသည့်
ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်သည်ဟုလည်းသိရသည်။
တစ်ခါတစ်ရံ ယင်းကဲ့သို့သောဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် ကမ္ဘာဂြိုဟ်မှ မိုင်ပေါင်း ၂ ဒသမ ၈ သန်းအကွာနေရာများအထိရှိနေတတ်ပြီး တစ်နာရီလျှင်အနိမ့်ဆုံးအမြန်နှုန်း မိုင် ၂,၂၀၀ ဖြင့် ကမ္ဘာမြေသို့ချဉ်းကပ်နိုင်ကြောင်းလည်းသိပ္ပံပညာရှင်တစ်ဦး၏ရှင်းပြချက်အရသိရသည်။
ယခုကမ္ဘာမြေသို့ချဉ်းကပ်လာသည့် လငယ် ကို သိပ္ပံပညာရှင်များက ဩဂုတ်လတွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ နှစ်လနီးပါးကြာ ကမ္ဘာကိုလှည့်ပတ်နေသည့် မြင်းခွာပုံသဏ္ဍာန် “လ” အသေးစား (Mini Moon) တစ်ခုအဖြစ်မြင်တွေ့ရမည်ဟုလည်းသိရသည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါလငယ်ကို သာမန်မျက်စိဖြင့်မမြင်နိုင်ဘဲ ပညာရှင်သုံး တယ်လီစကုပ်အမျိုးအစားဖြင့်သာမြင်တွေ့ရမည်ဟုလည်းသိရသည်။
Source : Space.com


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
