ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ပရီးမီးယားလိဂ်ကလပ်အသင်းရှယ်ယာရှင်များ အစည်းအဝေးတွင် VAR နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR ကို ယခုရာသီမှ စတင်အသုံးပြုခြင်းဖြစ်ပြီး ပွဲပေါင်း (၁၂၀)ယှဉ်ပြိုင်ပြီးချိန်၌ ငြင်းခုန်မှုများစွာ၊ ဝေဖန်မှုများစွာ ရှိခဲ့သည်။
ထို့ကြောင့် ပြိုင်ပွဲတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့အကြီးအကဲများနှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးမှာ (၄)နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။
သို့သော် အပြောင်းအလဲအနည်းငယ်သာ ပြုလုပ်သွားရန် ဆုံးဖြတ်နိုင်ခဲ့၍ မီဒီယာအချို့က ပြစ်တင်ဝေဖန်ခဲ့ကြသည်။
သို့သော် VAR က မည်သို့ဆုံးဖြတ်သည်ကို ပရိသတ်များအား ပိုမိုအသိပေးရန် တောင်းဆိုမှုကိုမူ လိုက်လျောခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပရိသတ်များအား ပြသသည့် ရုပ်သံမြင်ကွင်းတွင် "ပယ်နယ်တီဟုတ် မဟုတ်စစ်ဆေးနေသည်" ဆိုသည့်စာတန်းအစား "လက်ထိဘော ဖြစ်ဖွယ်ရှိသည်"ဆိုသည့် စာသားမျိုး ဖြည့်စွက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကွင်းဘေး၌ ဒိုင်လူကြီးများကြည့်ရှုရန် VAR မော်နီတာ ထားရှိရန်ကိုမူ ယခုရာသီတွင် မဖြစ်နိုင်သေးဟုဆိုကာ ပယ်ချခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
