ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ကိုလံဘီယာအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ကိုလံဘီယာအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ကြာသပတေးနေ့က ကိုလံဘီယာအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စနေနေ့တွင် ကစားမည့် ပီရူးနှင့် ခြေစမ်းပွဲကို လွဲချော်မည်ဖြစ်ကြောင်း ကိုလံဘီယာအသင်းက ထုတ်ပြန်ခဲ့သည်။
ကိုလံဘီယာအသင်း၏ ထုတ်ပြန်ချက်တွင် "ဟာမီးစ်ရိုဒရီဂွက်ဇ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆရာဝန်များက ၎င်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်း။ ဟာမီးစ်ရိုဒရီဂွက်ဇ်အနေဖြင့် ပီရူးနှင့်ကစားမည့် ခြေစမ်းပွဲကို လွဲချော်မည်ဖြစ်ကြောင်းနှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်၏ ဒဏ်ရာအခြေအနေအသေးစိတ်ကို မကြာမီ ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း" ပါရှိသည်။
ကိုလံဘီယာအသင်းသည် လက်ရှိတွင် ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရပြီး နောက်ဆုံးကစားခဲ့သည့် (၅)ပွဲစလုံး နိုင်ပွဲပျောက်ဆုံးထားရာ ဟာမီးစ်ရိုဒရီဂွက်ဇ်၏ ဒဏ်ရာ သတင်းမှာ စိတ်ပျက်စရာဖြစ်ခဲ့သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၉)ပွဲတွင် (၁)ဂိုးသာ သွင်းယူထားနိုင်သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
