Top News

ဂျိုးဂိုးမက်ဇ်အား လှောင်ပြောင်ခဲ့သည့် အင်္ဂလန်ပရိသတ်များကို စတာလင် ဝေဖန်
24htopnews | September 27, 2024 5:12 PM CST

အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် မွန်တီနီဂရိုးနဲ့ပွဲတွင် အသင်းဖော် ဂျိုးဂိုးမက်ဇ်အား လှောင်ပြောင်ခဲ့သည့် အင်္ဂလန်အသင်းပရိသတ်များကို ဝေဖန်ခဲ့ကြောင်း သိရသည်။ 

အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် မွန်တီနီဂရိုးနဲ့ပွဲတွင် အသင်းဖော် ဂျိုးဂိုးမက်ဇ်အား လှောင်ပြောင်ခဲ့သည့် အင်္ဂလန်အသင်းပရိသတ်များကို ဝေဖန်ခဲ့ကြောင်း သိရသည်။ 

ကြာသပတေးနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲ အင်္ဂလန် (၇-၀) မွန်တီနီဂရိုးပွဲတွင် ဂျိုးဂိုးမက်ဇ်သည် ပွဲချိန် (၇၀)မိနစ်၌ မေဆန်မောင့်အစား လူစားဝင်ကစားခဲ့ရာ အင်္ဂလန်အသင်းပရိသတ်များက ၎င်းကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်သည် အသင်းကန်တင်းတွင် မန်စီးတီးတောင်ပံကစားသမား စတာလင်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သူဖြစ်ပြီး ယင်းရန်ပွဲကြောင့် စတာလင်မှာ မွန်တီနီဂရိုးပွဲတွင် ကစားခွင့်မရခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် အင်္ဂလန်ပရိသတ်များသည် ဂျိုးဂိုးမက်ဇ်အား လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ရှုတ်ချခဲ့သလို၊ ဂျိုးဂိုးမက်ဇ်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် စတာလင်ကလည်း ပရိသတ်များ၏လုပ်ရပ်မှာ မှားယွင်းကြောင်း ဆိုခဲ့သည်။ 

စတာလင်က "အင်္ဂလန်ပရိသတ်များ ခင်ဗျား။ ဂိုးမက်ဇ်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော့်အနေနဲ့ အတိတ်မှာ ထားခဲ့ချင်တာပါ။ ဒါပေမဲ့ အခု အဲဒီကိစ္စကို ပြန်ပြောမှ ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့ အမှားအတွက် ကျွန်တော့်ရဲ့အသင်းဖော် အခုလို လှောင်ပြောင်ရတာကို မြင်ရတာ ကျွန်တော်အနေနဲ့ အရမ်းခံစားရပါတယ်။ ဂိုးမက်ဇ်က ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပြီး ဒီနေ့ သူ့ကို လှောင်ပြောင်ကြတာဟာ မှားပါတယ်။ ကျွန်တော်တို့ ကိစ္စမှာ ဂိုးမက်ဇ်က ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အသင်းအတွက် ကြိုးစားနေတဲ့ သူကို လှောင်ပြောင်ကြတာ အရမ်းကို မှားပါတယ်။ ဂိုးမက်ဇ်နဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စအတွက် ကျွန်တော် အပြည့်အဝတာဝန်ယူပြီး နောက်ဆက်တွဲအကျိုးဆက်ကိုလည်း ကျွန်တော် လက်ခံပါတယ်"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

အဆိုပါပွဲစဉ်တွင် မွန်တီနီဂရိုးအသင်းကို အနိုင်ရခဲ့သသည် အင်္ဂလန်အသင်းသည်  အုပ်စု (A)တွင် ရမှတ် (၁၈)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ ချက်အသင်းနှင့် ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK