အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် အသင်းဖော် မန်ဒီကို လူမျိုးရေးခွဲခြားခဲ့သည်ဆိုသည့်သုံးသပ်ချက်ဖြင့် မန်စီးတီးအသင်း၏ တောင်ပံကစားသမား ဘာနာဒိုဆေးလ် ဗားကို (၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် အသင်းဖော် မန်ဒီကို လူမျိုးရေးခွဲခြားခဲ့သည်ဆိုသည့်သုံးသပ်ချက်ဖြင့် မန်စီးတီးအသင်း၏ တောင်ပံကစားသမား ဘာနာဒိုဆေးလ် ဗားကို (၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ဘာနာဒိုဆေးလ်ဗားသည် မန်ဒီနှင့် အပျော်နောက်ပြောင်ကာ ရေးသားခဲ့သည့် Twitter ပို့စ်တစ်ခုအတွက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ဘာနာဒိုဆေးလ်ဗားသည် စပိန်နိုင်ငံတွင် အသားအရောင်ခွဲခြားမှုနှင့်ပတ်သက်ပြီး ပြဿနာတက်နေသည့် ချောကလက်ကုမ္ပဏီတစ်ခုဖြစ်သည့် Conguitos ၏ အမှတ်တံဆိပ်ဖြစ်သည့် လူမည်းကလေးငယ်ပုံကို မန်ဒီ ငယ်စဉ်ကပုံနှင့် တွဲတင်ခဲ့ပြီး မည်သူဖြစ်သနည်းဆိုသည်ကို ပရိသတ်များအား ခန့်မှန်းခိုင်းခဲ့ခြင်းဖြစ်သည်။
တင်ပြီး မကြာမီ၌ပင် လူမျိုးရေးခွဲခြားလှောင်ပြောင်မှုဆိုသည့် မှတ်ချက်များစွာ နှင့်အတူ ပျံ့နှံ့သွားခဲ့ရာ ဘာနာဒိုဆေးလ်ဗားသည် ယင်း Tweet ကို ပြန်ဖျက်ကာ ယနေ့ခေတ်တွင် မိတ်ဆွေအချင်းချင်းပင် စနောက်၍မရတော့ဟု ပို့စ်အသစ်တစ်ခုပြန်တင်ခဲ့သည်။
ဘာနာဒိုဆေးလ်ဗား၏ လုပ်ရပ်ကို မန်ဒီကို်ယ်တိုင်က အပြစ်မမြင်ခဲ့သလို၊ အသင်းနည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောဆိုမှုများပြုလုပ်ပြီး အရေးမယူရန် FA ကို တောင်း ဆိုခဲ့သော်လည်း FA က အရေးယူခဲ့ခြင်းဖြစ်သည်။
ဘာနာဒိုဆေးလ်ဗားသည် (၁)ပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေပေါင်(၅ဝဝဝဝ) တပ်ရိုက်ခံခဲ့ရပြီး၊ ယင်းပွဲပယ်ပြစ်ဒဏ်ကြောင့် ချယ်လ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်တော့မည်ဟုလည်း သိရှိရသည်။
FA သည် ဘာနာဒိုဆေးလ်ဗားအား (၆)ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်နိုင်သော်လည်း (၁)ပွဲသာ ပြစ်ဒဏ်ချပေးခဲ့ခြင်းဖြစ်ပြီး အနာဂတ်အပြုအမှုများကိုမူ ထိန်းသိမ်းရန် လိုအပ်သည်ဟု ဆိုခဲ့သည်။
ဘာနာဒိုဆေးလ်ဗားသည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံတွင် (၅)ဂိုးသွင်းကာ၊ (၃)ကြိမ်ဖန်တီးပေးထားသူဖြစ်ပြီး ချယ်လ်ဆီးနှင့်ကစားရမည့် အရေးကြီးပွဲစဉ်တွင် မပါဝင်နိုင်ခြင်းမှာ မန်စီးတီးအသင်းအတွက် စိတ်ပျက်စရာသတင်းလည်းဖြစ်သည်။
■ ဘာနာဒိုဆေးလ်ဗားကို (၁)ပွဲသာ ပွဲပယ်ခဲ့ခြင်းအတွက် FA ၏ ရှင်းလင်းမှု
- ဘာနာဒိုဆေးလ်ဗားသည် Conguitos ဇာတ်ရုပ်၏ နောက်ခံသမိုင်းကြောင်းကို လုံးဝမသိရှိခြင်း။
- သူ၏ Tweet တွင် သူသည် လူမျိုးရေးခွဲခြားသူတစ်ဦး၏ အပြုအမူနှင့် အခြားတိုက်ခိုက်မှုများမပါဝင်ခြင်း။
- သူကိုယ်တိုင်က Twitter မှ Tweet ကို အလျင်အမြန် ပြန်လည်ဖျက်သိမ်းခဲ့ခြင်း။
- ကစားသမားနှင့် အသင်းတို့သည် ဆိုရှယ်မီဒီယာပေါ်မှ ဖြစ်ရပ်အတွက် တာဝန်ခံရမည်ကို နားလည်မှုရှိခြင်း။
- ပြဿနာဖြစ်လာချိန်တွင် လိုက်နာရမည့်စည်းကမ်းများကို အပြည့်အဝလိုက်နာခြင်း။
- ဘာနာဒိုဆေးလ်ဗားသည် စည်းကမ်းပိုင်းမှတ်တမ်းကောင်းပြီး စံပြထိုက်သူတစ်ဦးဖြစ်ခြင်း။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
